သတင်းများ

ကော့မှူးမြို့နယ်တွင် မဟာသင်္ကြန်အကျနေ့ပြည်သူများပျော်ရွှင်စွာဆင်နွှဲ
Apr 14,2023
၁၃၈၄ ခုနှစ် မဟာသင်္ကြန်အကျနေ့တွင် ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်အတွင်းရှိ ပြည်သူများ မဟာင်္ကြန်အကျ‌နေ့တွင် အေးချမ်းပျော်ရွှင်စွာ ရေကစားသူများဖြင့်စည်ကားလျက်ရှိကြောင်းသိရသည်။
မိုးနဲမြို့နယ်၌ ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်(အကြို)‌နေ့ ဖွင့်ပွဲအခမ်းအနားကျင်းပ
Apr 14,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဥယျာဥ်ရပ်ကွက် ဌာနစုပေါင်းရုံး မြက်ခင်းကွင်းပြင်နေရာ၌ ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်(အကြို)နေ့ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒေါပုံမြို့နယ်တွင် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အကျနေ့တွင် မြို့နယ်ရေကစားမဏ္ဍပ်တွင် ရေကစားသူများ၊ ယိမ်းအကဖျော်ဖြေမှုများနှင့် စတုဒိသာကျွေးမွေးမှုများဖြင့် အထူးစည်ကား
Apr 14,2023
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အကျနေ့ နံနက် ၉ နာရီအချိန်မှ စတင်ကာ မြို့နယ်ရေကစားမဏ္ဍပ်တွင် ရေကစားသူပြည်သူများ၊ ယိမ်းအက ဖျော်ဖြေသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
သာပေါင်းမြို့နယ်တွင် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍာပ်ဖွင့်ပွဲအခမ်းအနားကျင်းပ
Apr 14,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီအချိန်က အမှတ်(၂)ရပ်ကွက်၊ ကန္နားလမ်း၊ စည်ပင်သာယာပန်းခြံရှိ ဗဟိုမဏ္ဍာပ်တွင် ကျင်းပပြုလုပ်သည်။
ရပ်စောက်၌ မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ
Apr 14,2023
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူးအခါသမယတွင် ပြည်သူများ စိတ်အေးချမ်းစွာဖြင့် အပန်းဖြေပျော်ရွှင်ကြစေရန်အတွက် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် မဟာသင်္ကြန်ပွဲတော်ကို ယမန်နေ့ညနေ ၅ နာရီတွင် ရဿဝတီခန်းမရှေ့ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်၌ စည်ကားသိုက်မြိုက်စွာဖွင့်လှစ်ခဲ့ကြောင်း သိရသည်။  
မဟာ သင်္ကြန် အကျနေ့တွင် ငွေဆောင်ကမ်းခြေ၌ အနားယူအပန်း ဖြေသူများဖြင့်စည်ကား လျက်ရှိ
Apr 14,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင် မြို့၊ငွေဆောင်ကမ်းခြေ၌ ယနေ့ဧပြီလ( ၁၄) ရက်နေ့၊ မဟာသင်္ကြန်အကျနေ့တွင် အနယ်နယ်အရပ်ရပ်လာရောက် အနားယူ အပန်းဖြေ သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။ ယခု၂၀၂၃ခုနှစ် တွင်ဧပြီလ ၈ရက်နေ့မှ ၁၇ရက်နေ့ အထိအစိုးရရုံးပိတ်ရက်၁၀ ရက်ရှိရာယနေ့ဧပြီလ ၁၄ရက်နေ့၊ သင်္ကြန်အကျနေ့ ၌မြို့ထဲရှိ
မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် မန္တလေး၊ အောင်မြေသာစံခရိုင် ရေကစားမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနား ပြုလုပ်
Apr 14,2023
မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် အောင်မြေသာစံခရိုင် ရေကစားမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ဧပြီလ ၁၃ ရက်နေ့ နံနက် ၁၁ နာရီက မန္တလေးမြို့ ကျုံးအရှေ့ဘက်ခြမ်း၊ ၆၆ လမ်း ပေါ်ရှိ အဆိုပါရေကစားမဏ္ဍပ်တွင် ကျင်းပပြုလုပ်သည်။
ရေကြည်မြို့နယ်တွင် မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ဖွင့်ပွဲကျင်းပ
Apr 14,2023
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ည‌နေပိုင်းက ယိမ်းအကများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။