ကသာမြို့အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေရသူ(၂၆)ဦး လွတ်ငြိမ်းချမ်းသာခွင့်ရရှိ

ကသာ ဧပြီ ၁၇

နှစ်သစ်ကူးအခါသမယ မြန်မာနှစ်ဆန်း(၁)ရက်နေ့ ယနေ့နံနက်(၉)နာရီအချိန်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် ကသာမြို့အကျဉ်းထောင်မှ အကျဉ်းသား/ အကျဉ်းသူ  (၂၆) ဦး လွတ်မြောက်ခဲ့သည်။

ထိုသို့လွတ်မြောက်ခဲ့ကြသည့် အကျဉ်းသား/ အကျဉ်းသူများအား လွတ်ငြိမ်းသက်သာခွင့်ပေးအပ်ခြင်းကို ကသာအကျဉ်းထောင်ရှိ ဧရာရန်အောင် ဧည့်ရိပ်သာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ အမှတ် (၈၈၁) နည်းဗျူဟာ (ကွပ်ကဲရေးမှူး) ဗိုလ်မှူးကြီးသက်ခိုင်၊ ကသာခရိုင်စီမံအုချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ရဲဝင်းလွင်နှင့် ကသာခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးအောင်လှိုင်မြင့်တို့က ဆုံးမဩဝါဒစကားများ ပြောကြားခဲ့ကြပြီး ကသာအကျဉ်းထောင်တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းနိုင်က လွတ်ငြိမ်းသက်သာခွင့် ကတ်ပြားနှင့် ခရီးစရိတ်ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် ကသာအကျဉ်းထောင်မှ လွတ်ငြိမ်းသက်သာခွင့်ရရှိသူ အမျိုးသား(၂၂)ဦး၊ အမျိုးသမီး(၄)ဦး စုစုပေါင်း (၂၆)ဦးဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်