၁၃၈၅ ခုနှစ် မြန်မာနှစ်ဆန်း (၁)ရက်နေ့ ပေါက်ခေါင်းမြို့နယ်၌ ဇီဝိတဒါနစုပေါင်း ငါးလွှတ်ပွဲ ကျင်းပ

ပေါက်ခေါင်း   ဧပြီ  ၁၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင် ဦးဆောင်၍ ၁၃၈၅ ခုနှစ် မြန်မာနှစ်ဆန်း(၁)ရက်နေ့ ယနေ့နံနက်ပိုင်းက တောင်နဝင်း‌ရေလှောင်တမံအတွင်းသို့ဇီဝိတဒါနစုပေါင်းငါးလွှတ်ပွဲကျင်းပခဲ့ကြောင်း သိရသည်။

ထိုသို့ ဇီဝိတဒါနစုပေါင်းငါးလွှတ်ပွဲကျင်းပရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အသင်းအဖွဲ့ဝင်များ စုပေါင်း၍ မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် တောင်နဝင်းရေလှောင်တမံအတွင်းသို့ ဇီဝိတဒါန အဖြစ်ငါးသားပေါက်ကောင်ရေ(၁၇၅၀)ကို စုပေါင်းလွှတ်ပေးခဲ့ကြောင်းသိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)