မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် ကျောက်မဲမြို့၌ ၂၄ ကြိမ်မြောက် သက်ကြီးပူဇော်ပွဲကျင်းပ

ကျောက်မဲ ဧပြီ ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ မြို့ကျက်သရေဆောင် ခန်းမ အတွင်း၌ ယနေ့ နံနက် ၉ နာရီအချိန်က  ၂၃ ကြိမ်မြောက် သက်ကြီးပူဇော်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့တက်‌ ရောက်လာသည့် အသက် ၈၅ နှစ်အထက် သက်ကြီးဘိုးဘွား များအား ကျောက်မဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ဦး၊ အမှတ် ၁ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှ  စစ်ဦးစီးမှူး ပထမတန်း (ဦး/ရေး/ထောက်) ဒုတိယဗှိုလ်မှူးကြီးလွင်ဘုန်းအောင်၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများ၊ တပ်မတော်မိသားစုဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အလှူရှင်များတို့က အခမ်းအနားသို့တက်ရောက်လာသည့် ဘိုးဘွား ၃၀ ဦးအား  ၁ ဦးလျှင်ငွေကျပ် ၅၀၀၀၀/-၊ တဘက်စောင်၊ ဆပ်ပြာ၊ ဆေးဝါးများနှင့် စားသောက်ဖွယ်ရာများ အသီးသီး လှူဒါန်း‌ခဲ့ကြသည်။

ကျောက်မဲမြို့ပေါ်တွင် အသက် ၈၅ နှစ် အထက် အဘိုးဘွားပေါင်း ၁၉၇ ဦးရှိပြီး အခမ်းအနားသို့ တက်ရောက်နိုင်ခြင်းမရှိသည့် ဘိုးဘွား ၁၆၇ ဦးတို့အား ငွေကျပ် ၃၀၀၀၀/-နှင့်လှူဖွယ်ပစ္စည်းများတို့ဖြင့် တာဝန်ရှိသူများက အိမ်တိုင်ရာရောက် သွားရောက်ကန်တော့၍ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)