ဒဂုံမြို့နယ်တွင် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဒဂုံမောင်မယ်မဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

ဒဂုံ       ဧပြီ         ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာ ယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေ (၂) နာရီအချိန်ကဦးဝိစာရလမ်း၊အ မျိုးသား ရေကူးကန်ရှေ့၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ဖျော်ဖြေရေး ရေကစားမဏ္ဍပ်အား ကျောက်တံတားခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာနှင့်အဖွဲ့ဝင်များ၊ ဒဂုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့   ဥက္ကဋ္ဌဦးမင်းသူကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးစောပိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့များက ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြသည်။

ထို့နောက် သင်္ကြန်ယိမ်းအကအဖွဲ့များက သင်္ကြန်မိုးသီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြရာ မြို့နယ်စီမံ အုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက သပြေခက်နှင့် အတာရေများ လိုက်လံပက်ဖျန်း၍ စတုဒီ သာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြကြောင်းသိရသည်။

ဒဂုံမြို့နယ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ဖျော်ဖြေရေး ရေကစားမဏ္ဍပ်တွင် သင်္ကြန်ကာလ (၄)ရက် အတွင်း သင်္ကြန်ယိမ်းအကအလှများ ကပြဖျော်ဖြေခြင်း၊အဆိုတော်များမှ သင်္ကြန်တေးသီချင်းများနှင့် ခေတ်ပေါ် တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်၍ သင်္ကြန်ပွဲတော်ကို အေးချမ်းပျော်ရွှင်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

ကြည်ဇေသော်