ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် မြန်မ့ာရိုးရာမဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

ဒဂုံဆိပ်ကမ်း ဧပြီ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော် မြို့နယ်ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၃း၃၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်ကအဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ဗဟိုမဏ္ဍပ်အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၃)ဒေါ်နွယ်နီစိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးလွင်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးနေဝင်းအောင်၊ အဖွဲ့ဝင်(၂)ဦးလှကြည်၊ အဖွဲ့ဝင်(၃)ဦးအေးကျော်၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မာမာဆွေတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်၍ မဟာသင်္ကြန်ပွဲတော် မြို့နယ်ဗဟိုမဏ္ဍပ်ဖွင့်ပွဲသို့ တက်ရောက်လာသော ယိမ်းပျိုဖြူများက မြူမှောင်ဝေကင်းသီချင်းဖြင့် ကပြဖျော်ဖြေခဲ့ပြီး တာဝန်ရှိသူများမှ အတာရေအေးဖြင့် ပက်ဖျန်းခဲ့၍ စတုဒီတာများဖြင့်ဧည့်ခံ ကျွေးမွေးခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် မြန်မ့ာရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ဧပြီ ၁၃ ရက်သင်္ကြန်အကြိုနေ့မှ ဧပြီ ၁၆ သင်္ကြန်အတက်နေ့အထိ မြို့နယ်ဗဟိုမဏ္ဍပ်၌ ယိမ်းအကအလှများ၊ ခေတ်ပေါ်တေးသီချင်းသီဆိုဖျော်ဖြေမှုများအပြင် စတုဒီတာများဖြင့် ကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရသည်။  

အေးမဥ္ဇူ