တောင်ကြီး ဧပြီ ၁၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင်၁၃၈၄ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက်၊၂၀၂၃ ခုနှစ်၊ ယမန်နေ့ ညနေ ၃ နာရီက မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်တောင်ကြီး အတာသင်္ကြန် မဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို တောင်ကြီးမြို့မစျေးအနီးရှိ မဏ္ဍပ်တွင်ကျင်းပခဲ့သည်။
ရှေးဦးစွာ တောင်ကြီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင့်လှိုင်က ၁၃၈၄ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲ နှုတ်ခွန်းဆက် အဖွင့်အမှာစကားပြောကြားပြီး တောင်ကြီးအတာသင်္ကြန်မဏ္ဍပ်ကို တောင်ကြီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင့်လှိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၃) ဦးထိန်လင်းသိန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး စိုးသန်း၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဆွေမြင့်၊ မြို့မိမြို့ဖ ဦးခင်မောင်ဝင်းတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာယိမ်းအဖွဲ့နှင့် တောင်ကြီးမြို့ပေါ်ရှိရပ်ကွက်ယိမ်းအဖွဲ့များက “သင်္ကြန်မိုး” တေးသီချင်းနှင့် “ရွှေမန်းမာလာ” တေးသီချင်းတို့ဖြင့် အဖွဲ့လိုက် တူညီကကွက်များဖြင့် ပါဝင်ကပြဖျော်ဖြေခဲ့ကြရာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကော်မတီဝင်များက အတာသင်္ကြန်ရေများပက်ဖျန်းခဲ့ကြကြောင်း သိရသည်။
ကျော်ဝင်း(တောင်ကြီး)