ဘူးသီးတောင်မြို့၌ သင်္ကြန်အကြိုနေ့တွင် ဘုရားရေသပ္ပါယ် ပူဇော်ခြင်းအားရိုးရာအစဥ်အလာမပျက် စည်ကားသိုက်မြိုက်စွာကျင်းပ

ဘူးသီးတောင် ဧပြီ ၁၄

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ သင်္ကြန်အကြိုနေ့ ယမန်နေ့နံနက် ၈ နာရီအချိန်ကစတင်၍ ဘူးသီးတောင်မြို့နယ်အတွင်းရှိ ဘုရားစေတီပုထိုးများအားရိုးရာ အစဥ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ရေသပါယ်ပူဇော်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ဘုရားစေတီပုထိုးများ ရေသပ္ပါယ်ပူဇော်ရာတွင် ဘူးသီးတောင်မြို့နယ်အတွင်းရှိ တန်ခိုးကြီးဘုရားများ၊ ဘုန်းတော်ကြီးကျောင်းများရှိ ဘုရားများအား ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များက အေးချမ်းစွာဘုရားရေသပါယ်ခဲ့ကြပြီး ညနေပိုင်းတွင်ရေကစားသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။     

လှကျော်(ပြန်/ဆက်)