သံဖြူဇရပ် ဧပြီ ၁၄
၁၃၈၄ ခုနှစ်မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့ နယ်တွင် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ကျောင်းပိုင်းရပ်ကွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့ရှိ ဗဟိုမဏ္ဍပ်၌ ကျင်းပပြုလုပ်သည်။
ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်ကအဖွင့်အမှာစကားပြောကြား ပြီးဆက်လက်၍မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်အားသံဖြူ ဇရပ်တပ်နယ်မှူး ဗိုလ်မှူးချုပ် ထွန်းနိုင်ဦး၊ မြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်နှင့် အဖွဲ့ဝင်(၂) ဦးအောင်သန်းတို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ထို့နောက်တက်ရောက်လာကြသောရပ်ကွက်အသီးသီးမှယိမ်းအဖွဲ့ဝင်များက"မန်းတောင်ရိပ်ခို" သီချင်း ဖြင့်စုပေါင်းသီဆိုကာ သပြေခက်ဖြင့် အတာရေများပက်ဖြန်းပေးပြီး ဖွင့်ပွဲသို့တက် ရောက်လာသည့် တာဝန်ရှိသူများမှ ယိမ်းအဖွဲ့များအား ဂုဏ်ပြုချီး မြှင့်ငွေများ ပေးအပ်ပြီး ယခုနှစ် သံဖြူဇ ရပ်မြို့နယ် မြန့်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွား မည်ဖြစ်ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)