ထန်းတပင်မြို့နယ်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲ အခမ်းအနား ကျင်းပ ​

ထန်းတပင် (ပဲခူး)ဧပြီ ၁၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေ ၃ နာရီတွင် အောင်သုခရပ်ကွက် မြို့သစ်လမ်းမကြီး၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးလှမြင့်က အတာသင်္ကြန် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး  ၁၃၈၄ ခုနှစ်၊ ထန်းတပင်မြို့နယ်  မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် လမ်းလျှောက်သင်္ကြန်ကို  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးလှမြင့်၊ မြို့နယ်ရဲတပ်ဖွဲ့ဒုရဲမှူးကျော်လွင်၊ မြို့နယ်စည်ပင်သာယာအမှုဆောင်အရာရှိဦးစံသိန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများတက်ရောက်ခဲ့သည်။ ဆက်လက်၍ ယိမ်းအဖွဲ့များက မန်းတောင်ရိပ်ခိုသီချင်းဖြင့် ကပြ​ဖျော်​ဖြေခဲ့ကြ​ကြောင်းသိရသည်။

ထို့နောက်   ယိမ်းအဖွဲ့များက သင်္ကြန်တေးသီချင်းများ၊ အကများဖြင့် တပျော်တပါး စုပေါင်းဖျော်ဖြေကြရာ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)