ကြည့်မြင်တိုင်မြို့နယ်၌ မြန်မာ့ရိုးရာ ယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် သင်္ကြန်မောင်မယ် ရေကစားမဏ္ဍပ် ဖွင့်ပွဲအခမ်းအနား ကျင်းပ

ကြည့်မြင်တိုင် ဧပြီ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၌ ၁၃၈၄ ခုနှစ် ၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက စျေးကြီးအနောက်ရပ်ကွက်၊ ကျောင်းကြီးလမ်းရှိ သင်္ကြန်မောင်မယ်ရေကစားမဏ္ဍပ်၌ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အလုံခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ခင်မောင်ဦးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ အလုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ကျော်သန်းဝင်း၊ အလုံခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ခင်မောင်ဦး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးဌာနမှူး ဦးအောင်ဇော်မိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးညီညီတို့က သင်္ကြန်မောင်မယ် ရေကစားမဏ္ဍပ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက တက်ရောက်လာသည့် ဧည့်ပရိသတ်များအား ပျော်ရွှင်စွာအတာရေပက်ဖျန်း၍ ဖွင့်ပွဲအခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ကြည့်မြင်တိုင်မြို့နယ်တွင် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ဧပြီလ ၁၃ ရက် သင်္ကြန်အကြိုနေ့မှ ၁၆ ရက် သင်္ကြန်အတက်နေ့အထိ မြို့နယ် သင်္ကြန်မောင်မယ်ရေကစားမဏ္ဍပ်၌ ယိမ်းအကအလှများ၊ ခေတ်ပေါ်တေးဂီတ သီဆိုဖျော်ဖြေမှုများဖြင့် ဧည့်ခံဖျော်ဖြေပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ခိုင်ဇာလင်း (ပြန်/ဆက်)