ဖြူး ဧပြီ ၁၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ၁၃၈၄-ခုနှစ်(၂၀၂၃-ခုနှစ်)မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် အကြိုနေ့ကို ယနေ့နံနက်(၉)နာရီအချိန်မှ စတင်ကာ ပဲခူးလမ်းမကြီးဘေး ဗိုလ်ချုပ်လမ်းထိပ် ဗဟိုသင်္ကြန်မဏ္ဍပ်တွင် ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
မြန်မာနှစ်ကူးမဟာ သင်္ကြန်ပွဲတော်အားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူ၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးဇော်မျိုးနောင်၊ အဖွဲ့ဝင်(၂)ဦးခင်မောင်စိုး၊ အဖွဲ့ဝင်(၃)ဦးမြင့်သိန်းနှင့်အတွင်း ရေးမှူး ရဲမှူးထိုက်လင်း တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မဟာင်္ကြန်ပွဲတော်ဖွင့်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိ၊ မြို့ဖများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များနှင့် ပြည်သူများတက်ရောက်ခဲ့ကြပြီး မြူမှောင်ဝေကင်း သင်္ကြန်သီချင်းသီဆိုကာ ယိမ်းအလှမယ်များက ကပြဖျော်ဖြေကြောင်းနှင့် မဟာင်္ကြန်ပွဲတော်ရက်များအတွင်း ဖျော်ဖြေရေး၊ ရေးကစားမဏ္ဍပ်တွင် ရေကစားနိုင်ရေး စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)