ဘူးသီးတောင် ဧပြီ ၁၃
ရခိုင်ပြည်နယ်၊မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းဦးဆောင်၍မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစု(၁၁)ကြိမ်မြောက် ဘုရားရေသပ္ပာယ်ရေးနံ့သာသွေးပွဲကို ယမန်နေ့ည ၈ နာရီနာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ ကျင်းပသည်။
အဆိုပါ(၁၁)ကြိမ်မြောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုနံ့သာသွေးပွဲတွင် ဝန်ထမ်းမိသားစုဝင်များပါဝင်ကြပြီး နံ့သာသွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇော်ဝင်းက လှည့်လည်ကြည့်ရှုကာ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
ဘူးသီးတောင်မြို့၌ ရခိုင်ရိုးရာနံ့သာသွေးပွဲကို မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများ၌ပျော်ရွှင်စွာ ကျင်းပခဲ့ကြကြောင်း သိရသည်။
လှကျော်( ပြန်/ဆက်)