တောင်ဥက္ကလာပ ဧပြီ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ဘုရားကျောင်း ကန်နှင့် ဓမ္မာရုံများ၌ မဟာသင်္ကြန်နှစ်ကူးကာလ အကြိုနေ့ နံနက်ပိုင်းအချိန်မှစ၍ ပြည်သူများ အေးချမ်းစွာဖြင့် ဥပုသ်သီလခံယူဆောက်တည် ကုသိုလ်ဒါနပြုလုပ် လျက်ရှိကြောင်းသိရသည်။
အဆိုပါ နှစ်သစ်ကူးမဟာသင်္ကြန်ကာလအတွင်း တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ဥက္ကလာပ စေတီ၊ ခုနစ်ဆူဘုရား၊ ဘုန်းတော်ကြီးကျောင်းများနှင့် ရပ်ကွက်အလိုက် ဓမ္မာရုံများသို့ သက်ကြီး အဘိုး/ အဘွားများနှင့် ဒေသခံပြည်သူများမှ သွားရောက်ပြီး သင်္ကြန်ကာလအခါသမယ၌ ဥပုသ်သီလ ဆောက်တည်ခြင်း၊ တရားထိုင်ခြင်း၊ ဘာဝနာတရားပွားများခြင်း၊ ကမ္မဋ္ဌာန်းတရား စီးဖြန်းခြင်းများအား စိတ်အေးချမ်းသာယာစွာ ကောင်းမှုကုသိုလ်ပွားများ ပြုလုပ်အားထုတ် လျက်ရှိကြောင်းသတင်းရရှိပါသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)