စမ်းချောင်းမြို့နယ်၌ ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော် “စမ်းရေအေး” မြို့နယ်ရေကစားမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကျင်းပ

စမ်းချောင်း ဧပြီလ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင် ၁၃၈၄ ခုနှစ်တွင် ကျရောက်မည့် မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော်  မြို့နယ် စမ်းရေအေးရေကစားမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီ ၅၀ မိနစ်အချိန်က စမ်းချောင်းမြို့နယ် မြေနီကုန်း(တောင်)ရပ်ကွက်၊ ဓမ္မစေတီလမ်း၊ အမှတ်(၂၄)၊ စမ်းချောင်းမြို့မရဲစခန်းဘေးဝန်းအနီးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ရှေးဦးစွာ အလုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်() ဦးအောင်ဇော်မိုးမှ  နှစ်သစ်ကူးနှုတ်ခွန်းဆက်မင်္ဂလာစကား ပြောကြားခဲ့သည်။ ဆက်လက်၍  အလုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တို့က  စမ်းရေအေးရေကစားမဏ္ဍပ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။

စမ်းချောင်းမြို့နယ် စမ်းရေအေးရေကစားမဏ္ဍပ်တွင်  ပြည်သူများအနေဖြင့် နံနက် ၈ နာရီမှ ၁၂ ထိ တစ်ကြိမ် ညနေ နာရီမှ ၆ နာရီ တစ်ကြိမ် လာရောက်ရေကစားနိုင်ပြီး  လာရောက်ဆင်နွှဲသူများအား တေးသီချင်းများ၊ သင်္ကြန်ယိမ်းအကများဖြင့် ဧည့်ခံဖျော်ဖြေမှုများအပြင် မြန်မာ့ရိုးရာအစားအစာများဖြင့် စတုဒိသာ ဧည့်ခံကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရသည်။

နီလာစိုး