ဒဂုံမြို့နယ်ပြည်သူ့ရင်ပြင်တွင်သင်္ကြန်အကြို​နေ့ဖွင့်ပွဲအခမ်းအနားကျင်းပ

ဒဂုံ   ဧပြီ       ၁၃

ရန်ကုန်တိုင်း​ဒေသကြီး၊ ​ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်အရှေ့ရပ်ကွက်၊ ပြည်လမ်း၊ ပြည်သူ့ရင်ပြင် တွင် ၁၃၈၄ ခုနှစ်၊မြန်မာ့ရိုးရာနှစ်သစ်ကူးလမ်း လျှောက်သင်္ကြန်ပွဲတော်နှင့် ROYAL APEX ဗဟိုမဏ္ဌပ် ဖွင့်ပွဲ အခမ်းအနားကို ယ​နေ့နံနက် ၉နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းနှင့်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြသည်။ ထို့​နောက် အဆိုတော်သန်းမြတ်စိုးသီဆိုသည့် မြူမှောင်ဝေကင်း သီချင်းဖြင့်ယိမ်းအဖွဲ့များက စတင်ကပြ ဖျော်ဖြေခဲ့ကြသည်။

သင်္ကြန်ပွဲ​တော်ရက်များအတွင်း ​နေ့စဥ်နံနက် ၉နာရီမှ ည ၁၀ နာရီထိ ​ရေပက်မဏ္ဍပ်များတွင်​ရေကစား ခြင်းများအပြင် ​ဖျော်​ဖြေ​ရေးအစီအစဥ်များနှင့် လမ်း​လျှောက်သင်္ကြန်ပြုလုပ်၍ သင်္ကြန်မုန့်မျိုးစုံ၊ သစ်သီး​ဖျော်ရည်၊ အ​အေး စတုဒီသာ​စသည့်​ကျွေးမွေးမှု အစီအစဥ်များဖြင့် စည်ကား သိုက်မြိုက်စွာကျင်းပ​လျက်ရှိ​ကြောင်း သိရသည်။ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို ပိုမိုထူးခြားကောင်းမွန်သည့် အမြင်သစ်၊ အတွေးသစ်များဖြင့် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ လာ​ရောက်ရေပက်ကစားနိုင်ရန် စီစဥ်ထား​ရှိကြောင်းသတင်းရရှိပါသည်။

ကြည်​ဇေ​သော်