ပြည်မြို့တွင် ၁၃၈၄နှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန် အတာရေသဘင် ပွဲတော်နှင့် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲကျင်းပ

ပြည် ဧပြီ ၁၃

ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင် ၁၃၈၄နှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်‌ အတာရေသဘင်ပွဲတော်နှင့်လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈နာရီက မြို့လယ် ဗိုလ်ချုပ်ကျောက်ရုပ်အဝိုင်းအနီး ဗဟိုမဏ္ဍပ်နှင့် ကမ်းနားလမ်း လမ်းလျှောက်သင်္ကြန်မုခ်ဦးရှေ့တို့၌ ကျင်းပရာဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ပြည်)မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်အောင်နိုင်ဦး၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ မြို့ပေါ် ရပ်ကွက်နှင့်ဌာနဆိုင်ရာယိမ်းအဖွဲ့များ၊ ဒေသခံပြည်သူများတက်ရောက်သည်။

ရှေးဦးစွာဗဟိုမဏ္ဍပ်၌ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က မြန်မာ့ရိုးရာ ယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် နှစ်သစ်ကူးနုတ်ခွန်း ဆက်အမှာစကား ပြောကြားပြီး တက်ရောက်လာသော တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် ဧည့်သည်တော် များအား ယိမ်းအဖွဲ့များက မြူမှောင်ဝေကင်းသီချင်းဖြင့် ကပြသီဆိုဖျော် ဖြေကြကာတာဝန်ရှိသူများက တက်ရောက်လာကြသူများနှင့် ယိမ်းအဖွဲ့များအား အမွှေးနံ့သာရည်များ ဖျန်းပက်၍ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်အတာ ရေသဘင်ပွဲတော်အား အေးချမ်းပျော်ရွှင် စည်ကား သိုက်မြိုက်စွာဖွင့်လှစ်ခဲ့သည်။

ထို့နောက် ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်အောင်နိုင်ဦးနှင့် ပြည်ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်တို့က ကမ်းနားလမ်း ဆိပ်ခံဗောတံတားအနီး လမ်းလျှောက် သင်္ကြန်အား မုခ်ဦးရှေ့၌ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တက်ရောက်လာသော တာဝန်ရှိ သူများ၊ ဌာနဆိုင်ရာများ၊ ဧည့်သည်တော်များ၊ ယိမ်းအဖွဲ့များနှင့်အတူ ဆိပ်ခံဗောတံ တားမှ ဧရာဝတီမြစ်ကမ်းစပ်အထိ လမ်းလျှောက်သင်္ကြန်အား ပျော်ရွှင်စွာဆင်နွှဲခဲ့ကြသည်။

ပြည်မြို့  မဟာသင်္ကြန်ရေသဘင်ပွဲတော်ကို မြို့ပေါ်ရပ်ကွက်များနှင့် ဌာနဆိုင်ရာ ယိမ်းအဖွဲ့ များ၏ ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဗဟိုမဏ္ဍပ်နှင့် ကမ်းနားလမ်း၊ လမ်းလျှောက်သင်္ကြန်ပွဲတော်၌  ပွဲတော်ရက်များအတွင်း စတုဒီသာကျွေးမွေးခြင်း အစီအစဉ်များဖြင့် နေ့စဉ်နံနက် ၁၀ နာရီမှ ညနေ ၆နာရီအထိ စည်ကားသိုက် မြိုက်စွာကျင်းပမည်ဖြစ်ကြောင်း မဟာသင်္ကြန်ကျင်းပရေးကော်မတီထံမှ သိရသည်။

ကိုဆက်(ပြန်/ဆက်)