သတင်းများ

နတ်တလင်းမြို့နယ်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း သား၊သမီးများအတွက် အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းဖွင့်လှစ်
May 17,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ၏ သားသမီးများ ကိုယ်ကျင့်သီလကောင်းအောင်နေထိုင်တက်စေရန်၊ လူလူခြင်း အကြင်နာတရားထားတက်စေရန်၊ ရတနာသုံးပါးနှင့်မိဘ၊ဆရာများအား ရိုသေကိုင်းရှိုင်းတက်စေရန် ရည်ရွယ်၍ အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းဖွင့်ပွဲကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
နမ့်ခမ်းမြို့တွင် မိုခါမုန်တိုင်းကျရောက်ပြီးနောက်ဖြစ်ပွားနိုင်သည့် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်း ဆောင်ရွက်
May 17,2023
ဒေသခံပြည်သူများအား မေလ(၁၄)ရက်နှင့်(၁၅)ရက်နေ့တွင်ဖြစ်ပွားခဲ့သည့် မိုခါမုန်တိုင်းအလွန်ကာလအတွင်း ဖြစ်ပွားတတ်သည့် ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်နိုင်ရေး အသိပညာ‌ပေးနှိုးဆော်ခြင်းကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့အတွင်း ယမန်နေ့ နံနက်(၉း၀၀)အချိန်က ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် လှည့်လည်ဆော်ဩခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
(ကော့မှူး)၌ လူထုအခြေပြုဗဟိုဌာန စာဖတ်ဝိုင်းကျင်းပ
May 17,2023
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင်ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့မွန်းလွဲ ၃နာရီက စာပေချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်းအားကျင်းပခဲ့ကြောင်း သိရသည်။
လယ်ဝေးမြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေးအတွက် စဉ်ဆက်မပြတ်ဆောင်ရွက်
May 17,2023
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်းသန့်ရှင်း၊ သပ်ရပ်၊ သာယာလှပစေရေးအတွက် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးအနေဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုင်းရှူးမြို့၌ အခြေခံပန်းချီဆွဲနည်းသင်တန်း ဖွင့်လှစ်
May 17,2023
ရှမ်းပြည်နယ်(‌တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် အခြေခံပန်းချီဆွဲနည်းသင်တန်းကို ယမန်နေ့မွန်းလွဲ(၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ပြည်သူလူထုသို့ တိုက်ရိုက်ဝန်ဆောင်မှုပေးခြင်းဆိုင်ရာ အသိပညာပေးသင်တန်း လာရောက်ဖွင့်လှစ်ပေး
May 17,2023
ကရင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ပြည်သူလူထုသို့ တိုက်ရိုက်ဝန်ဆောင်မှုပေးခြင်းဆိုင်ရာ အသိပညာပေးသင်တန်းကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ကျင်းပခဲ့ကြသည်။
အုတ်ဖိုမြို့နယ်၊ အ.ထ.က အေးမြသာယာတွင်ဖွင့်လှစ်မည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းနှင့်ပတ်သက်၍ ရရှိမည့်သင်ယူမှုအခွင့်အလမ်းများအား အသိပညာပေး ဆွေးနွေးပွဲကျင်းပ
May 17,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အ.ထ.က အေးမြသာယာတွင် ဖွင့်လှစ်မည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းနှင့်ပတ်သက်၍ ရရှိမည့် သင်ယူမှုအခွင့်အလမ်းများအား အသိပညာပေးဆွေးနွေးပွဲကို အ.ထ.က ဂုံညင်းတန်း၌ ယနေ့နံနက် ၉ နာရီ ၃၀ အချိန်က ကျင်းပခဲ့သည်။
ကျုံပျော်တွင် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး (Booster Dose) ဆက်လက်ထိုးနှံပေး
May 17,2023
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် အတွင်းရှိ   ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် အသက် (၁၈) နှစ်အထက် ဒေသခံ ပြည်သူများကို  ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose)များ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့က တောချောင်းကျေးရွာအုပ်စု၊ တောချောင်းကျေးရွာ  ကျေးလက်ကျန်းမာရေး ဌာနခွဲတွင် ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများအား ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။