သတင်းများ

ဇီးကုန်းမြို့နယ်၌ အခြေခံဗုဒ္ဓဘာသာယဥ်ကျေးမှု သင်တန်းဖွင့်လှစ်
May 17,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၌ အခြေခံဗုဒ္ဓဘာသာယဥ်ကျေးမှုသင်တန်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌  ယနေ့နံနက်( ၉)နာရီက ဖွင့်လှစ်ခဲ့သည်။
ကွန်ဟိန်းမြို့၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်တာဝန်များ ပေးအပ်
May 17,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက် တာဝန်များပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
လူထုအခြေပြုဗဟိုဌာန၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ ကျင်းပ
May 17,2023
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြသခြင်းနှင့် စာအုပ်ပြပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။
စဉ့်ကိုင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်မိုလ်ဘိုင်းစာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်
May 17,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် စာပေဖတ်ရှုခြင်းအလေ့အကျင့်ကောင်းများရရှိစေပြီး အမှား၊ အမှန်၊ ဝေဖန်ပိုင်းခြားတတ်စေရန် ရည်ရွယ်၍ စာပေဖတ်ရှုလိုသော်လည်း စာကြည့်တိုက်သို့ လာရောက်ဌားရမ်းနိုင်ခြင်းမရှိသည့် ဌာနဆိုင်ရာများ ပြည်သူများလက်ဝယ် အရောက်ငှားရမ်းပေးလျှက် ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်စန္ဒာအေးအောင် (ဒုတိယဦးစီးမှူး)နှင့် ဒေါ်နှင်းအိအိခိုင် (စာကြည့်တိုက်လက်ထောက်-၃) တို့က ယမန်နေ့ မွန်းလွဲ (၁) နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်မိုလ်ဘိုင်းစာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နမ့်စန်မြို့ ပြည်သူ့စာကြည့်တိုက်တွင်  စာဖတ်ဝိုင်း ဆောင်ရွက်
May 17,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် အပတ်စဉ် ပုံမှန်စာဖတ်ဝိုင်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ် ၂ နာရီခွဲက မြို့နယ်ပြန်/ဆက်ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်နှင့် ပြန်/ဆက် ဦးစီးဌာနမှ ဝန်ထမ်းများ၊ စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များက စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျွန်းလှ၌ လေပြင်းတိုက်ခတ်၍ လျှပ်စစ်မီးတိုင်များနှင့် သစ်ပင်သစ်ကိုင်းများ ကျိုးကျပြိုလဲခြင်းဖြစ်ပွား
May 17,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယမန်နေ့ ည ၇ နာရီက လေပြင်းတိုက်ခတ်၍ လျှပ်စစ်မီး တိုင်များနှင့် သစ်ပင်သစ်ကိုင်းများ ကျိုးကျ ပြိုလဲခြင်းဖြစ်ပွားပြီး လူနှင့် တိရိစ္ဆာန်များ ထိခိုက်ဒဏ်ရာရခြင်းမရှိကြောင်း သိရသည်။
တောင်ကြီးမြို့နယ် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် စီမံကိန်းရည်မှန်းချက် တာဝန်ပေးအပ်ပွဲပြုလုပ်
May 17,2023
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဌာနဆိုင်ရာများ၏ လုပ်ငန်းကဏ္ဍအလိုက် ဒေသန္တရစီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ရည်မှန်းချက်တာဝန်ပေးအပ်ပွဲကို ယမန်နေ့ နံနက်(၉)နာရီက ခရိုင်မြို့နယ် စုပေါင်းရုံး အစည်းဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ကြည့်မြင်တိုင်မြို့နယ်၌ သစ်ပင်သစ်ကိုင်းများ ကျိုးကျနေမှုအား ရှင်းလင်းဆောင်ရွက်
May 17,2023
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၊ ဆေးရိုးတန်းငြိမ်းချမ်း​ရေးရပ်ကွက်၊ အနောက်ပိုင်း​ဆေးရုံဝန်းအတွင်းရှိ လုံးပတ် ၂ ပေ၊ အမြင့် ၃၅ ​ပေခန့်ရှိ သရက်ပင်မှ ဆေးရုံဝန်းအတွင်းရှိ လူ​နေအိမ်လိုင်းခန်း​ပေါ်သို့ လဲကျ​နေ​ကြောင်း သိရှိရ၍ ယ​နေ့နံနက် ၉ နာရီအချိန်က ရှင်းလင်း​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။