မိုင်းရှူးမြို့၌ အခြေခံပန်းချီဆွဲနည်းသင်တန်း ဖွင့်လှစ်

မိုင်းရှူး မေ ၁၇

ရှမ်းပြည်နယ်(‌တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် အခြေခံပန်းချီဆွဲနည်းသင်တန်းကို ယမန်နေ့မွန်းလွဲ(၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

သင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်လေးလေးယုက သင်တန်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်နန်းသန်းလူ(ရုပ်သံကျွမ်းကျင်-၃)က မျဉ်းဖြောင့်၊ မျဉ်းကွေး၊ မျဉ်းကောက်စသည့် မျဉ်းကြောင်းများအခြေခံ၍ ပန်းချီဆွဲနည်းအမျိုးမျိုးကို သင်ကြားပို့ချကာသင်တန်းသူ၊ သင်တန်းသား(၂၀)ဦးတို့က စိတ်ပါဝင်စားစွာသင်ယူကြကြောင်း အဆိုပါသင်တန်းကို မေလ(၁၆)ရက်နေ့မှ(၁၈)ရက်နေ့ထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)