နတ်တလင်း မေ ၁၇
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ၏ သားသမီးများ ကိုယ်ကျင့်သီလကောင်းအောင်နေထိုင်တက်စေရန်၊ လူလူခြင်း အကြင်နာတရားထားတက်စေရန်၊ ရတနာသုံးပါးနှင့်မိဘ၊ဆရာများအား ရိုသေကိုင်းရှိုင်းတက်စေရန် ရည်ရွယ်၍ အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းဖွင့်ပွဲကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုပူဇော်ဖွင့်လှစ်ခဲ့ပြီး နတ်တလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဦးက အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် မြို့နယ်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်ငုံဖူးဝေမြင့်မှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်လင်းပြောကြားပြီး တက်ရောက်လာသော သင်တန်းသား/ သူများအား မုန့်၊ အချိုရည်နှင့် လက်ဆောင်ပစ္စည်းများကို ပေးအပ်ခဲ့သည်။ အဆိုပါသင်တန်းကို ဒုတိယတန်းမှ စတုတ္တတန်းအထိ သင်တန်းသား/ သူ ၁၂ဦး တက်ရောက်ကာ သင်တန်းကာလမှာ နှစ်ရက်ကြာ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ ဆက်)