သတင်းများ

မကွေးတိုင်း‌ဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် စလင်းမြို့နယ်နှင့် မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
May 17,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်နှင့် စလင်းမြို့နယ်အတွင်း မေလ ၁၃ ရက်နေ့ညပိုင်းမှစတင်၍ မိုးအဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ ရပ်ကွက်၊ ကျေးရွာများတွင် ပျက်ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရာ မကွေးတိုင်း‌ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝင်ကြီးများနှင့်အတူ မေလ ၁၅ ရက်နေ့နံနက်ပိုင်းက အဆိုပါမြို့နယ်များသို့ သွားရောက်ကြည့်ရှု၍ ရေဘေးရှောင်ပြည်သူများနှင့်‌ တွေ့ဆုံအားပေးစကားများပြောကြားကာ ထောက်ပံ့ငွေနှင့် ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ခဲ့သည်။
မိုင်းယုမြို့၌ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေး Talk Show ဆွေးနွေး
May 17,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် လူငယ်လူရွယ်များ ဗလငါးတန်နှင့် ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ရေးရာအသိပညာပေး Talk Show ကို ယမန်နေ့ညနေပိုင်းက Community Centre ခန်းမ၌ ပြုလုပ်ခဲ့သည်။
မြေပုံမြို့သို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် ဦးဆောင်သော ဝန်ကြီးများအဖွဲ့ရောက်ရှိ
May 17,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့သို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် ဦးဆောင်သောအဖွဲ့သည် ယနေ့နံနက်(၁၀)နာရီအချိန်ခန့်တွင် ရဟတ်ယာဉ်ဖြင့် မြေပုံမြို့သို့ ရောက်ရှိသည်။
ဆင်ပေါင်ဝဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လေဘေးသင့်ပြည်သူများထံ ဆေးကုသပေးခြင်းများဆောင်ရွက်
May 17,2023
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ကန်ပေါက်ကျေးရွာတွင် ​မေလ ၁၄ ရက်နေ့ ဖြစ်ပွားခဲ့သည့် လေဘေးသင့် ပြည်သူများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆေးကုသပေးခြင်းများကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျန်းမာရေး ဆေးခန်းဖွင့်၍ စောင့်ရှောက်မှုပေးခြင်းများ ​ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြောက်ဦးမြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် တာဝန်ရှိသူများ ထောက်ပံ့ငွေနှင့် စားနပ်ရိက္ခာများပေးအပ်
May 17,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့သို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် ဒုတိယဝန်ကြီးများ၊ လုံခြုံရေးနှင့်နယ်စပ်ရေးဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ၊ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်း တို့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ   ယနေ့ ညနေ ၅ နာရီ ၂၀ မိနစ် အချိန်က မြောက်ဦးမြို့သို့ ရောက်ရှိကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ထောက်ပံ့ငွေနှင့် စားနပ်ရိက္ခာပစ္စည်းများအား အောင်တပ်ရပ်ကွက် မြို့တော်ခန်းမ၌  ပေးအပ်ခဲ့သည်။
ပုဗ္ဗသီရိ​မြို့နယ်၊ အမှတ်(၂၀) အခြေခံပညာအထက်တန်းတွင် စက်မှု၊ စိုက်ပျိုး​ရေးနှင့် မွေးမြူရေးဘာသာရပ်သင်တန်းကျောင်းဖွင့်လှစ်နိုင်ရေး လုပ်ငန်ညှိနှိုင်းအစည်းအဝေး ကျင်းပ
May 17,2023
ပုဗ္ဗသီရိ​မြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အမှတ်(၂၀) အခြေခံပညာအထက်တန်းတွင် စက်မှု၊ စိုက်ပျိုး​ရေးနှင့် မွေးမြူရေးဘာသာရပ်သင်တန်းကျောင်းဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
မိုင်းဆတ်မြို့၌ နယ်လှည့်စာငှားလုပ်ငန်းနှင့် အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်
May 17,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ နယ်လှည့်စာငှားလုပ်ငန်းနှင့် အသိပညာပေးဟောပြာပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီခွဲက အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် ကျေးရွာ(၃)ရွာမှ ပြည်သူ(၁၄၀၄)ဦးနှင့် ကျေးလက်နေပြည်သူများလူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး ရွာပုလဲ-အုတ်ဖို-မြေစို ကျေးရွာချင်းဆက်ကျောက်ချောလမ်းအား ပြန်လည်ပြုပြင် ပေးသွားမည်ဖြစ်
May 17,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးရွာ(၃)ရွာရှိ ပြည်သူ(၁၄၀၄)ဦးနှင့် ကျေးလက်နေပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ရွာပုလဲ-အုတ်ဖို-မြေစို ကျေးရွာချင်းဆက်ကျောက်ချောလမ်းအား ပြန်လည်ပြုပြင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။