ကျုံပျော် မေ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် အတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် အသက် (၁၈) နှစ်အထက် ဒေသခံ ပြည်သူများကို ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose)များ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့က တောချောင်းကျေးရွာအုပ်စု၊ တောချောင်းကျေးရွာ ကျေးလက်ကျန်းမာရေး ဌာနခွဲတွင် ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများအား ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေး ထိုးနှံရာသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇေယျမင်းနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးခဲ့ကြပြီး၊ ကျေးရွာပြည်သူ (၁၁၀)ဦး လာရောက် ဆေးထိုးနှံခဲ့ကြောင်း၊ ယနေ့လာရောက် ထိုးနှံသူများ အားလုံးကို ကျန်းမာရေး ဝန်ထမ်းများက ကာကွယ်ဆေးမထိုးမီ စာရင်းရေးသွင်းခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်း၊ ဆေးထိုးပြီးနောက် ခေတ္တစောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာစေခြင်းတို့ကို ကျန်းမာရေး ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး သတ်မှတ်စည်းကမ်းနှင့်အညီ ထိုးနှံ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လပြည့်ဦး(ပြန်/ဆက်)