ရေတာရှည်မြို့နယ်အတွင်းရှိ လေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်
May 17,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်း မေလ ၁၄ ရက်နှင့် ၁၅ ရက်နေ့များတွင် မိုးရွာသွန်းကာ လေပြင်းတိုက်ခတ်ခဲ့သဖြင့် ရပ်ကွက်/ ကျေးရွာများတွင် ဘုန်းတော်ကြီးကျောင်းနှင့် လူနေအိမ်များအမိုးလန်ပျက်စီးဆုံးရှုံးမှုဖြစ်ပွားခဲ့ရာ ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စုများအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ် ၂:၃၀ နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။