သတင်းများ

မိုခါ (MOCHA) ဆိုင်ကလုန်းမုန်တိုင်းမိုးဖြင့် နတ်မောက်မြို့နယ်ရှိ တောင်သူများ စတင်ထွန်ယက်စိုက်ပျိုးနေကြပြီ
May 17,2023
ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတို့တွင် ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းရပ်ဝန်းသည် အလွန်အားကောင်းသော မုန်တိုင်းငယ်အဖြစ်မှ အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရောက်ရှိခဲ့ပြီ မေလ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် နတ်မောက်မြို့နယ်အတွင်း မုန်တိုင်းအရှိန်အကြောင့် မိုးစတင်ရွာသွန်းခဲ့သည်။ မေလ ၁၃ ရက်နေ့နှင့် မေလ ၁၄ ရက်နေ့များတွင် ရွာသွန်းခဲ့သော မုန်တိုင်းကြောင့် နတ်မောက်မြို့နယ် ကျေးရွာများရှိ တောင်သူများသည် ယခုအခါထွန်ရေးထယ်ရေးများ ထွန်ယက်ပြုပြင်ခြင်း၊ မိုးသီးနှံစတင် စိုက်ပျိုးခြင်းများပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။
မိုင်းယုမြို့၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး (Talk Show)ဆွေးနွေး
May 17,2023
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး (Talk Show)ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါရုံး၏ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
မက်မန်း၌ လိုင်ချီးသီးများ စတင် ခူးဆွတ်ရောင်းချချိန် ဈေးကောင်းရရှိ
May 17,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့နယ်အတွင်း၌ လိုင်းချီးသီးများ စတင်ခူးဆွတ်ရောင်းချချိန် ဈေးကောင်းရရှိ၍ လိုင်းချီးသီး စိုက်ပျိုးရောင်းချသည့် တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဇေယျာသီရိမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်တွင် လူငယ်ဆိုင်ရာစွမ်းရည်မြင့်မားရေး ပြိုင်ပွဲများကျင်းပ
May 17,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သာစည်ကျေးရွာအတွင်းရှိ ကလေးငယ်များဖိတ်ခေါ်၍ လူငယ်ဆိုင်ရာစွမ်းရည်မြင့်မားရေး ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့သည်။
ဟိုပန်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ်အတွက် မိုးနေကြာမျိုးစေ့ထုတ် စတင်စိုက်ပျိုး
May 17,2023
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသခံတောင်သူများအား နေကြာမျိုးစေ့မျိုးကောင်းမျိုးသန့်များ လိုအပ်သလိုဖြည့်တင်းပေးနိုင်ရန်၊ ဈေးနှုန်းချိုသာစွာရရှိစိုက်ပျိုးနိုင်ရန်နှင့် နေကြာတိုးချဲ့စိုက်ပျိုးနိုင်ခြင်းဖြင့် ဒေသတွင်းစားသုံးဆီဖူလုံမှုရှိလာစေရန် ရည်ရွယ်၍ ယနေ့နံနက်(၈)နာရီက မော်ဟွေ့ကျေးရွာရှိ တောင်သူဦးစိုင်းအောင်၏ ယာမြေတစ်ဧကစံပြကွက်တွင် ၂၀၂၃- ၂၀၂၄ ခုနှစ် အတွက် မိုးနေကြာမျိုးစေ့ထုတ် စတင်စိုက်ပျိုးခဲ့သည်။
သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ရုပ်ပုံပြ/ပုံပြောပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲဆောင်ရွက်
May 17,2023
နွေရာသီကျောင်းပိတ်ရက်၌ ကလေး/သူငယ်များ အချိန်ကိုအကျိုးရှိစွာအသုံးချစေရန်၊ စာအုပ်/ စာပေများချစ်မြတ်နိုးစေရန်နှင့် ဉာဏ်ရည်/ဉာဏ်သွေး ထက်မြက်လာစေရန်ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမတွင် ယမန်နေ့က ကလေး/သူငယ်များနှင့် ရုပ်ပုံပြ/ပုံပြောပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများဆောင်ရွက်ခဲ့သည်။
မိုင်းယောင်းမြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ
May 17,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့တွင် ကမ္ဘာ့အလုပ်သမားနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပခဲ့သည်။
အမရပူရမြို့၌ဗုဒ္ဓဘာသာအခြေခံယဥ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်
May 17,2023
 မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့၊ မှန်တန်းရပ်အ​ခြေခံပညာအလယ်တန်းကျောင်း၊ ရွှေကြက်ဖကျောင်းဆောင်၌ ယနေ့နံနက် ၉ နာရီအချိန်ကဗုဒ္ဓဘာသာအခြေခံယဥ်ကျေးလိမ္မာ သင်တန်းကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။