ပိုင်ကျုံမြို့၌ ဒေသထွက် ဒညင်းသီးများ လှိုင်လှိုင်ပေါ၍ စျေးနှုန်းကျဆင်းနေ
May 17,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြသည့်အပြင် ဉယျာဉ်ခြံလုပ်ငန်းကိုလည်း တွဲဖက်၍ လုပ်ကိုင်ကြသည်။ မိမိတို့၏ ဉယျာဉ်ခြံမြေများနှင့် အိမ်ခြံဝန်းတွင် နှစ်ရှည်သစ်ပင်စားပင်များဖြစ်သည့် အုန်း၊ ပိန္နဲ၊ ဒူးရင်းနှင့် ဒညင်းအပင်များလည်း စိုက်ပျိုးကြသည် ယခုနှစ်တွင် ဒေသထွက်ဒညင်းသီးများ လှိုင်လှိုင်သီး၍ အရောင်းအဝယ်ရှိသော်လည်း စျေးကောင်းမရရှိကြောင်း ဒေသခံပြည်သူတစ်ဦးထံက သိရသည်။