ကော့မှူး မတ် ၁၇
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင်ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့မွန်းလွဲ ၃နာရီက စာပေချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်းအားကျင်းပခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က ကျောင်းသား/ ကျောင်းသူများအနေဖြင့်အားလပ် သောအချိန်များတွင် စာအုပ်စာစောင်များ လေ့လာဖတ်ရူတတ်သောအလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာအုပ်စာပေများဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားလာပြီး အမှား/ အမှန် ဝေဖန်ပိုင်းခြားနိုင်စေရေးအတွက် စာဖတ်ဝိုင်းများအား စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။
ထို့နောက် Book Club အသင်းမှအဖွဲ့ဝင် ဒေါ်တင်သန်းကစာရေးဆရာ ဒေါက်တာသိန်းလွင် (ပညာရေးစိတ်ပညာပါရဂူ)ရေးသားသည့် “ကလေးတွေကျောင်းမှာ အောင်မြင်ဖို့နည်းလမ်းများ” စာအုပ်ထဲမှ ကိုယ်တိုင်လုပ်ကိုင်ရင်းရတဲ့ အသိပေးပါခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်ခင်ဌေးက ပုံသွင်းခြင်းလားပုံဖော်ခြင်းလားခေါင်းစဉ်ဖြင့်လည်းကောင်း၊ မခင်မို့မို့အေးက အမှားဆိုတာ သင်ယူစရာအခွင့် အလမ်းပါခေါင်းစဉ်တို့ဖြင့် ဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ Book Club မှ အဖွဲ့ဝင်ဒေါ်တင်သန်းက ဦးဆောင်ဆွေးနွေးရာ လူတိုင်းအမှားလုပ်တတ်ကြပါကြောင်း၊ မှားရတဲ့အကြောင်းတွေ့ကတော့ အမျိုးမျိုးရှိနိုင်ပါတယ်၊ လုပ်ဆောင်ရမယ့်နည်းလမ်းကို မသိတဲ့အတွက်မှားတယ်ဆိုရင် သိအောင်သင်ပြပေးဖို့လိုပါကြောင်း၊ တစ်ခုခုမှားနေနေပြီဆိုရင် ဘာမှားသလဲ၊ ဘာကြောင့်မှားသွားသလဲဆိုတာ သူတို့ကိုယ်တိုင်ပြန်လည် စိစစ်တတ်အောင် လေ့ကျင့်ပေးသင့်ပါကြောင်း၊ အမှားလုပ်တာကို အပြစ်လို့ယူဆနေမယ်ဆိုရင်တော့ ကလေးတွေဟာ လုပ်ရဲကိုင်ရဲတဲ့သတ္တိတွေရှိမှာ မဟုတ်တော့ပါကြောင်း၊ လုပ်ရဲကိုင်ရဲတဲ့သတ္တိမရှိရင်တော့ ဆန်းသစ်တီထွင်မှု၊ တိုးတက်မှုဆိုတာရှိလာနိုင်တော့မှာ မဟုတ်တော့ပါကြောင်းနှင့် စာအုပ်ပါအကြောင်းအရာများကို စာပေချစ်မြတ်နိုးသူများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ကျော်သူရ (ပြန်/ ဆက်)