ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ မြေသားရေကန်များအားလုံးရေပြည့်လျှံ
May 17,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအ တွင်းရှိ မြေသား ရေကန်များ မေ ၁၃ ရက်နေ့နှင့် မေ ၁၄ ရက်နေ့တို့တွင်ရွာသွန်းခဲ့သည့် မိုးကြောင့် မြေသား ရေကန်များအားလုံးရေပြည့်လျှံခဲ့ကြောင်းရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ ပုဂံဌာနခွဲ၊သုတေသနဌာနစုမှ ဦးလှညွှန့်(ဦးစီးအရာရှိ)ထံက သိရသည်။