လယ်ဝေး မေ ၁၇
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်းသန့်ရှင်း၊ သပ်ရပ်၊ သာယာလှပစေရေးအတွက် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးအနေဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လယ်ဝေးမြို့နယ်အတွင်း သန့်ရှင်း၊ သပ်ရပ်၊ သာယာလှပစေရေးအတွက် ရန်ကုန်-မန္တလေးလမ်းဘေး၊ အမှတ်(၁)ရပ်ကွက်ရှိ စည်းကမ်းမဲ့စွန့်ပစ်အမှိုက်များအား သိမ်းဆည်းခြင်းနှင့် ဘုရားလမ်း၊ မြို့သစ်-၂ လမ်း၊ ရန်ကုန်-မန္တလေးလမ်းဘေးဝဲ/ယာရှိ ပေါင်းမြက်များ ရှင်းလင်းခြင်းလုပ်ငန်းများကို နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ လယ်ဝေးမြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ သန့်ရှင်းရေးနှင့် စိမ်းလန်းစိုပြည်ရေးဝန်ထမ်းများဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
နေရည်(ပြန်/ဆက်)