သတင်းများ

ဒိုက်ဦးမြို့နယ်၌ စီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်းအနား ကျင်းပ
May 27,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၏ ၂၀၂၃-၂ဝ၂၄ ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များနှင့် ရင်းနှီးမြှုပ်နှံမှု လျာထားချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။
ပေါက်တောမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုမည့် ကူညီကယ်ဆယ်ရေးပစ္စည်းများ တပ်မတော်ကမ်းထိုးရေယာဉ်ဖြင့် ရောက်ရှိလာ
May 27,2023
မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများရှိခဲ့သည့် ရခိုင်ပြည်နယ် ပေါက်တောမြို့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ အသုံးပြုမည့် ကူညီကယ်ဆယ်ရေးပစ္စည်းများ ယမန်နေ့ နေ့လယ်ပိုင်းက တပ်မတော်ကမ်းထိုးရေယာဉ် အမှတ် ၁၇၁၈  ဖြင့် ပေါက်တောမြို့သို့ရောက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေးနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။
နိုင်ငံတကာဆက်ဆံရေးဆိုင်ရာကော်မတီ ဒုတိယအကြိမ်မြောက်အစည်းအဝေး ကျင်းပ
May 27,2023
မြန်မာနိုင်ငံအတွင်းရှိ ပြည်တွင်း/ပြည်ပ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတကာကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ပိုမိုရရှိရန်၊ ကုန်သွယ်မှုလုပ်ငန်းများလုပ်ကိုင်ရာတွင် လွယ်ကူချောမွေ့စေရန်နှင့် ကုန်သွယ်မှုမြှင့်တင်ရန်အတွက် ရည်ရွယ်ဖွဲ့စည်းထားသည့် ကုန်သည်စက်မှုအသင်းချုပ်ရှိ နိုင်ငံတကာဆက်ဆံရေးဆိုင်ရာကော်မတီ (၂/၂၀၂၂-၂၀၂၅) အစည်းအဝေးကိုယမန်နေ့တွင် Hybrid စနစ်ဖြင့် ကျင်းပခဲ့သည်။
မုန်တိုင်းတိုက်ခတ်မှုကြောင့် ပေါက်တောမြို့နယ်အတွင်း ပျက်စီးသွားသည့်ကျောင်းများအား ကျောင်းဖွင့်ရက်မတိုင်မီ အမြန်ဆုံးပြင်ဆင်ပြီးစီးနိုင်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်
May 27,2023
အလွန့်အလွန်အားကောင်းသည့် မိုခါဆိုင်ကလုန်းမုန်တိုင်းသည် မေ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့မှုကြောင့် ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်း လူနေအိမ်များ၊ ကျောင်းများ၊ အဆောက်အဦများ ထိခိုက်ပျက်စီးမှုများရှိခဲ့ရာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပြီး ယခုအခါ အခြေခံပညာကျောင်းမျာ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်သည့်အတွက် ကျောင်းဖွင့်ရက်မတိုင်မီ ပြန်လည်ပြင်ဆင်ရေးလုပ်ငန်းများကို ပူးပေါင်းအဖွဲ့များဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
အမ်းမြို့နယ်အတွင်း ရပ်ကွက်ကျေးရွာ အုပ်စုများရှိ ယာယီခိုလှုံနေရာများတွင် ခိုလှုံသည့် လေဘေး ရှောင်ပြည်သူများအားကျွေးမွေးစရိတ်ထောက်ပံ့ပေးအပ်
May 27,2023
ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ အမ်းခရိုင်၊ အမ်းမြို့နယ်အတွင်း ရပ်ကွက်ကျေးရွာအုပ်စုများအတွင်းရှိ ယာယီခိုလှုံရာနေရာများတွင် ခိုလှုံ​နေသည့် လေဘေးရှောင် ပြည်သူများအတွက် ကျွေးမွေးစရိတ် ထောက်ပံ့ပေးအပ်ခြင်းကို ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ကော်မတီမှ ယမန်နေ့ နေလည်အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့သည်။
သီတဂူဆရာတော်ဒေါက်တာဘဒ္ဒန္တဉာဏိဿရဆရာတော်ကြီးမှ ပဠာန်း​ကျောင်းတိုက်ကြီး၏ တိုက်တည်နှစ်(၇၅)နှစ်ပြည့်စိန်ရတုအခမ်းအနားသို့ တက်​ရောက်ချီးမြှင့်
May 27,2023
နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေကျင်နိကာယသာသနာပိုင်၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့်သီတဂူဆေးရုံတော်များ၏ အဓိပတိသီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရဆရာတော်ကြီးမှ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်ရှိ ပဠာန်း​ကျောင်းတိုက်ကြီး၏တိုက်တည်နှစ်(၇၅)နှစ်ပြည့် စိန်ရတုခြင်းအခမ်းအနားကို ယမန်နေ့နံနက်(၀၉း၀၀)နာရီအချိန်က  ကျင်းပခဲ့ကြောင်းသိရသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီး ပညာရေးမှူးရုံး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် အခမ်း အနားသို့ တက်ရောက်
May 27,2023
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးပညာရေးမှူးရုံး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ် အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဦးသက်လေးဦး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ/ဆရာမ များနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့သည်။