အမ်းမြို့နယ်အတွင်း ရပ်ကွက်ကျေးရွာ အုပ်စုများရှိ ယာယီခိုလှုံနေရာများတွင် ခိုလှုံသည့် လေဘေး ရှောင်ပြည်သူများအားကျွေးမွေးစရိတ်ထောက်ပံ့ပေးအပ်

အမ်း  မေ ၂၇

ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ အမ်းခရိုင်၊ အမ်းမြို့နယ်အတွင်း ရပ်ကွက်ကျေးရွာအုပ်စုများအတွင်းရှိ ယာယီခိုလှုံရာနေရာများတွင် ခိုလှုံ​နေသည့် လေဘေးရှောင် ပြည်သူများအတွက် ကျွေးမွေးစရိတ် ထောက်ပံ့ပေးအပ်ခြင်းကို ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ကော်မတီမှ ယမန်နေ့ နေလည်အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့သည်။

ရှေ့ဦးစွာ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး မောင်မောင်ခိုင်က ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ အမ်း မြို့နယ် အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စု (၉)အုပ်စုရှိ ယာယီခိုလှုံနေရာများတွင် ခိုလှုံသည့် လေဘေးရှောင် ပြည်သူများအတွက် အခြေခံ စားသောက်ကုန် ဆန်၊ ဆီ၊ ဆား စိုက်ထုတ်ဝယ်ယူထားမှု ကျွေး မွေးစရိတ် တန်ဖိုးငွေ ထောက်ပံ့ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။

ဆက်လက်၍ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီးမောင်မောင်ခိုင်၊ အမ်းခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ခေတ္တခရိုင် အုပ်ချုပ်ရေးမှူး ဦးသန်းဝင်း၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးစိုးမင်းထက်တို့က ရပ်ကွက်ကျေးရွာ အုပ်စု (၉)အုပ်စုမှ အခြေခံစားသောက် ကုန်ဆန်၊ ဆီ၊ ဆား စိုက်ထုတ်ဝယ်ယူထားမှု ကျွေးမွေးစရိတ်အတွက် တန်ဖိုးငွေကျပ်(၂၉၀၂၅၀၀)ကျပ် ကို ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများအား ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါ ထောက်ပံ့ပေးအပ်ပွဲသို့ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူး ကြီးမောင်မောင်ခိုင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်း၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးစိုးမင်း ထက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)