ကျောက်မဲမြို့နယ်၌ အခြေခံပညာကျောင်းသား/ကျောင်းသူ (၁၃၀၉၁)ဦး ကျောင်းအပ်နှံပြီးဖြစ်
May 27,2023
၂၀၂၃ -၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ခွင့်ရရှိဖို့ ကျောင်းအပ်နှံစို့ဆောင်ပုဒ်နှင့်အညီ နိုင်ငံတစ်ဝန်းလုံး၌ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်များရှိ အခြေခံပညာအားလုံးတွင် မေလ ၂၃ ရက်နေ့မှ(၃၁)ရက်နေ့အထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ်သတ်မှတ်ထားပြီး ဇွန်လ ၁ ရက်နေ့ မှစတင်ကာ စာသင်ကျောင်းများအား ဖွင့်လှစ်သင်ကြားမည်ဖြစ်ရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲမြို့နယ်တွင် မေလ ၂၆ ရက်နေ့အထိ အခြေခံပညာကျောင်းသား၊ ကျောင်းသူ(၁၃၀၉၁)ဦး ကျောင်းအပ်နှံပြီးဖြစ်ကြောင်း သိရသည်။