Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ဗိုလ်ချုပ် သောင်းထိုက်ရွှေနှင့် တာဝန်ရှိသူများက ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် မြောက်ဦးမြို့နယ် ပျက်စီးမှုစာရင်းများကောက်ခံထားရှိမှုအား ကြည့်ရှုစစ်ဆေး
May 27,2023
မြောက်ဦးမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်ချုပ်သောင်းထိုက်ရွှေ၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်နှင့် တာဝန်ရှိသူများသည် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုစာရင်းများအား ပြန်လည်စိစစ် စာရင်းပြုစုခြင်းလုပ်ငန်း ဆောင်ရွက်နေသော မြေပြင်စာရင်းကောက်ယူရေးအဖွဲ့မှ ကောက်ယူထားရှိမှုအခြေအနေကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးဟောင်း၊ အစည်းအဝေး ခန်းမ၌ ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန်
စလင်းမြို့နယ်တွင် သစ်တောဦးစီးဌာနမှ ၂၀၂၃ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပွဲ ကျင်းပ
May 27,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် မြို့နယ်ပတ်ဝန်းကျင်နှင့် ကျေးရွာပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန် ရည်ရွယ်၍ သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတု ကောင်းမွန်မျှတစေရေး၊ အပူဒဏ်ကာကွယ်နိုင်ရေးနှင့် သစ်တောသစ်ပင်များကို တန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပွဲကို ယမန်နေ့နံနက် ၈ နာရီ ၂၀ မိနစ် အချိန်က တည်ဘိုကန်ကျေးရွာအနီးရှိ သစ်တောကြိုးဝိုင်း အတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ဒေါက်တာကျော်ထွန်း၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ရပ်မိရပ်ဖများတွေ့ဆုံ
May 27,2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာကျော်ထွန်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် ပြည်နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်(၉)နာရီက ကလောမြို့နယ်၊ ဟဲဟိုးမြို့နယ် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမတွင် ဆရာ၊ ဆရာမများ၊ ရပ်မိရပိဖများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ္မတူတွင် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
May 27,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် သစ်တောပြုန်းတီးမှု မဖြစ်ပေါ်စေရေး၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေး၊ သစ်ပင် များ စိုက်ပျိုးခြင်းဖြင့် ဒေသအတွင်းအပူချိန်လျော့ကျလာစေရန်နှင့် ဒေသခံပြည်သူများ သစ်ပင်ကို တန်ဖိုးထား ချစ်မြတ်နိုးပြီး သစ်ပင်စိုက်ပျိုးလို စိတ်များ ဖြစ် ပေါ်လာစေရန် ရည်ရွယ်၍ မိုးရာသီအကြို စုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် (၇)နာရီခွဲအချိန်က နမ္မလဘုန်းတော်ကြီးကျောင်းအနီး၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအထောက်အကူပြု မိုးရာသီအကြိုစုပေါင်းသစ်ပင်စိုက်ပွဲတော်ကျင်းပ
May 27,2023
သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးနှင့် ရာသီဉတုမျှတကောင်းမွန်ရေးအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်းဝင်းအတွင်း၌ ယနေ့နံနက် ၈ နာရီခန့်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအထောက်အကူပြု မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပွဲတော် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတောင်းမြို့၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs ကဏ္ဍများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ပေးအပ်ပွဲအခမ်းအနားကျင်းပ
May 27,2023
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs ကဏ္ဍများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်က ပန်းတောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပခဲ့ရာ အခမ်းအနားသို့ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းအောင်၊ အဖွဲ့ဝင်(၂)ဦးဌေးဝင်း၊ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် လုပ်ငန်းဆောင်ရွက်မည့်လုပ်ငန်းရှင်များ၊ တောင်သူများတက်ရောက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်နေပြည်သူများထံမှ အမှိုက်တစ်ပိဿာလျှင် (၁၀၀)ကျပ်နှုန်းဖြင့် အပတ်စဉ် စနေနေ့တိုင်း ဝယ်ယူလျက်ရှိ
May 27,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းသန့်ရှင်းသာယာလှပစေရေး၊ လမ်းဘေးဝဲယာအမှိုက်များ ကင်းရှင်းစေ ရေးနှင့် Clean City, Green City, Smart City, ဖြစ်လာစေရေးအတွက်မြို့နယ်နေပြည်သူများသုံးစွဲ ခဲ့သည့် စွန့်ပစ်အမှိုက်များအား တစ်ပိဿလျှင် (၁၀၀) ကျပ်နှုန်းဖြင့် ဝယ်ယူခြင်းလုပ်ငန်းအား အပတ်စဉ် စနေနေ့တိုင်း ဝယ်ယူလျက်ရှိရာ ယနေ့ နံနက် (၈) နာရီအချိန်မှ နံနက် (၁၁) နာရီအချိန်အထိ အမှတ်(၄)ရပ်ကွက်၊ မဟာဗန္ဓုလ(၁၁)လမ်းနှင့် အောင်ဇေယျလမ်းထောင့်၌ ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
ရသေ့တောင်မြို့၌ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စားအုံးဆီများကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး
May 27,2023
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် မုန်တိုင်းဒဏ်သင့် ဒေသခံပြည်သူများ၏ စားသောက်ရေးအဆင်ပြေစေရေးအတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ယမန်နေ့ ညနေပိုင်းက ရသေ့တောင်မြို့နယ်၊ ပြားချောင်းကြီးကျေးရွာအုပ်စု၊ ပြားချောင်းကြီးကျေးရွာ၊ အလယ်ရွာချေကျေးရွာနှင့် ပြင်ခေါင်ကျေးရွာများတွင် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
11574
Page
11575
Page
11576
Page
11577
Current page
11578
Page
11579
Page
11580
Page
11581
Page
11582
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department