တာလေမြို့၊ နားအွန်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်
May 27,2023
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့မှစတင်ကာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်တော့မည်ဖြစ်သည့်အတွက် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ စိတ်အေးချမ်းသာစွာ ပညာသင်ယူ၊ သင်ကြားနိုင်ရေးအတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ နားအွန်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ယနေ့နံနက် ၇ နာရီခွဲက သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။