နိုင်ငံတကာဆက်ဆံရေးဆိုင်ရာကော်မတီ ဒုတိယအကြိမ်မြောက်အစည်းအဝေး ကျင်းပ
May 27,2023
မြန်မာနိုင်ငံအတွင်းရှိ ပြည်တွင်း/ပြည်ပ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတကာကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ပိုမိုရရှိရန်၊ ကုန်သွယ်မှုလုပ်ငန်းများလုပ်ကိုင်ရာတွင် လွယ်ကူချောမွေ့စေရန်နှင့် ကုန်သွယ်မှုမြှင့်တင်ရန်အတွက် ရည်ရွယ်ဖွဲ့စည်းထားသည့် ကုန်သည်စက်မှုအသင်းချုပ်ရှိ နိုင်ငံတကာဆက်ဆံရေးဆိုင်ရာကော်မတီ (၂/၂၀၂၂-၂၀၂၅) အစည်းအဝေးကိုယမန်နေ့တွင် Hybrid စနစ်ဖြင့် ကျင်းပခဲ့သည်။