ကမာရွတ် မေ ၂၇
နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေကျင်နိကာယသာသနာပိုင်၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့်သီတဂူဆေးရုံတော်များ၏ အဓိပတိသီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရဆရာတော်ကြီးမှ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်ရှိ ပဠာန်းကျောင်းတိုက်ကြီး၏တိုက်တည်နှစ်(၇၅)နှစ်ပြည့် စိန်ရတုခြင်းအခမ်းအနားကို ယမန်နေ့နံနက်(၀၉း၀၀)နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်ဝေနှင့် တက်ရောက်လာကြသူများက သီတဂူဆရာတော်ကြီးထံမှငါးပါးသီလခံယူဆောက်တည်ကြပြီး ဩဝါဒါဂါထာနာယူကြည်ညိုကြသည်။
ဆက်လက်၍သီတဂူဒေါက်တာက္ကန္ဒာစရိယမန္တလေးမြို့ (မဟာဝိသုဒ္ဓါရုံ)တိုက်သစ်မင်္ဂလာဗိမာန်ကျောင်းဆရာတော်၊ အရှင်သောဘိတာလင်္ကာရရေးသားအပ်သော စိန်ရတုပူဇာထုဝေဒမင်္ဂလာဂါထာမျာဖြင့် ဖတ်ကြားပူဇော်ခြင်းများပြုလုပ်ပြီး သီတဂူအဓိပတိဆရာတော်က ရေစက်ချအနုမောဒနာတရားချီးမြှင့်ပေးပြီးသီတဂူအဓိဠာန်ဖြင့် စိန်ရတုအခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။
စိမ်းလဲ့(ပြန်ဆက်)