ဒိုက်ဦး မေ ၂၇
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၏ ၂၀၂၃-၂ဝ၂၄ ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များနှင့် ရင်းနှီးမြှုပ်နှံမှု လျာထားချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းဦးမှ အဖွင့်အမှာစကား ပြောကြား သည်။
ဆက်လက်၍ မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး ဦးသိန်းဝင်းမှ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များနှင့် ရင်းနှီးမြှုပ်နှံမှု လျာထားချက်များအား ရှင်းလင်းတင်ပြသည်။
ထို့နောက် မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌမှ သက်ဆိုင်ရာ ဌာနများအား စီမံကိန်း တာဝန်ပေးအပ်ရာ လယ်ယာကဏ္ဍကြီး အတွက် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးမှူးသို့လည်းကောင်း၊ စက်မှုကဏ္ဍကြီးအတွက် လမ်းဦးစီးဌာနဦးစီးမှူးသို့လည်းကောင်း၊ ဝန် ဆောင်မှုကဏ္ဍကြီးအတွက် မြို့နယ်ပညာရေးမှူးသို့လည်းကောင်း အသီးသီး ပေးအပ်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)