ထန်းတပင်မြို့နယ်၌ ဂရန်အင်း(၁၆)လုံးနှင့် တင်ဒါပိုက်ချက်(၁၃)ချက်တို့အား လေလံတင်ရောင်းချပေး
May 27,2023
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ဂရန်အင်းနှင့်တင်ဒါပိုက်ချက်များလေလံတင်ရောင်းချခြင်းကို နှစ်စဉ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် တတိယအကြိမ်မြောက်အထိ ဂရန်အင်း(၁၆)လုံးနှင့် တင်ဒါပိုက်ချက်(၁၃)ချက်တို့ကိုလေလံတင်ရောင်းချပေးခဲ့ပြီး အင်းအခွန်ရရှိငွေကျပ်(၃၇၇၇၀၀၀၀)နှင့် တင်ဒါပိုက်ချက်မှ အခွန်ရရှိငွေကျပ်(၇၈၆၀၀၀၀)ထိရှိကြောင်းလည်း သိရသည်။