ပေါက်တော မေ ၂၇
အလွန့်အလွန်အားကောင်းသည့် မိုခါဆိုင်ကလုန်းမုန်တိုင်းသည် မေ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့မှုကြောင့် ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်း လူနေအိမ်များ၊ ကျောင်းများ၊ အဆောက်အဦများ ထိခိုက်ပျက်စီးမှုများရှိခဲ့ရာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပြီး ယခုအခါ အခြေခံပညာကျောင်းမျာ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်သည့်အတွက် ကျောင်းဖွင့်ရက်မတိုင်မီ ပြန်လည်ပြင်ဆင်ရေးလုပ်ငန်းများကို ပူးပေါင်းအဖွဲ့များဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ယမန်နေ့နံနက်ပိုင်းက ပေါက်တောမြို့တွင် အမှတ်(၃)ရပ်ကွက်၊ ပန်းသီးစုရပ်ရှိ အ.မ.ကကျောင်းတွင် မုန်တိုင်းဒဏ်ကြောင့် လဲပြိုကျနေသော သစ်ပင်များအား ပိုင်းဖြတ်ခြင်း၊ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ လျှပ်စစ်မီးတိုင်များနှင့် မီးကြိုးများအား ပြန်လည်ပြုပြင်ခြင်းတို့ကို မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)