ငဖဲမြို့နယ်၌ ၂၀၂၃ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ
May 27,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ မိုးရာသီအကြိုကာလတွင် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်သာယာစေရေး၊ ရာသီဉတုအပူဒဏ်ကာကွယ်နိုင်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့အတွက် ငဖဲမြို့နယ်သစ်တောဦးစီးဌာနမှ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၈ နာရီအချိန်က ဇီးတောကျေးရွာအုပ်စု ရှောက်ဝကျေးရွာအခြေခံပညာမူလတန်း ကျောင်းဝန်းအတွင်း၌ ကျင်းပခဲ့ကြသည်။