သတင်းများ

အုတ်တွင်းမြို့နယ်အတွင်း လေဘေးသင့် အိမ်ထောင်စုများအား အိမ်အသုံးအဆောင်ပစ္စည်းများနှင့် ဆန်များ ထောက်ပံ့ငွေပေးအပ်
May 27,2023
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်မြို့နယ် ဥယျာဥ်တော်ကျေးရွာအုပ်စု၌ မေ ၂၄ ရက်က ဖြစ်ပွားခဲ့သော လေဘေးသင့် အိမ်ထောင်စုများအား ပျက်စီး ဆုံးရှုံးမှုများအတွက် မေ ၂၅ ရက် ညနေပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သီရိရတနာခန်းမ၌ ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း သိရသည်။
လက်ပံတန်း မြေစီးကျေးရွာအုပ်စု၌ ပေါ့ဆမှုကြောင့် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား
May 27,2023
လက်ပံတန်းမြို့နယ် မြေစီးကျေးရွာအုပ်စု ဖိုးရဲသာကျေးရွာ၌ ယမန်နေ့ နေ့လယ် ၁၂ နာရီက ​နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့​ပြီး ၁၂ နာရီ ခွဲတွင် မြို့နယ် မီးသတ်တပ်ဖွဲ့ ဝင်များက စုပေါင်း အင်အားနှင့် ​မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံဖြိုးရေးလုပ်ငန်း မွန်ပြည်နယ်ကြီးကြပ်ရေးအဖွဲ့ အစည်းအဝေး လူမှုရေးရာဝန်ကြီး တက်ရောက်
May 27,2023
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံဖြိုးရေးလုပ်ငန်း မွန်ပြည်နယ် ကြီးကြပ်ရေးအဖွဲ့ အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့ ပြည်နယ်လူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ မွန်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမြတ်သွင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။
ချင်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာဝုန်ဆွန်းထန် ၂၀၂၃−၂၀၂၄ ပညာသင်နှစ် ပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားသို့ တက်ရောက်
May 27,2023
၂၀၂၃−၂၀၂၄ ပညာသင်နှစ် ပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို မေလ ၂၆ ရက်နေ့ နံနက် ၉ နာရီက ချင်းပြည်နယ်၊ ဟားခါးမြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဗိုလ်တိုက်ချွန်းခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်ဦးနေစိုး ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ ၊ ဟားခါးတက္ကသိုလ်မှ ဆရာ/ဆရာမများ ၊ အခြေခံပညာအထက်တန်း ကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ    တက်ရောက်ကြသည်။
မြန်မာနိုင်ငံရှိ မိုခါမုန်တိုင်းဘေးသင့်ပြည်သူများထံ အာဆီယံနိုင်ငံများမှပေးပို့သည့် အကူအညီပစ္စည်းများတတိယအသုတ် လွှဲပြောင်းလက်ခံ
May 27,2023
မိုခါမုန်တိုင်းဒဏ်သင့် မြန်မာပြည်သူများထံသို့ အာဆီယံနိုင်ငံများမှပေးပို့သည့် စုစုပေါင်းအမေရိကန်ဒေါ်လာ ခန့်မှန်း ၅၃,၀၀၀ ကျော် တန်ဖိုးရှိ အရေးပေါ်အကူအညီပစ္စည်းများ  တန်ချိန်စုစုပေါင်း ၁၆ တန်ခွဲကို သယ်ဆောင်လာသည့် World Cargo Airlines မှ လေယာဉ်သည် ယမန်နေ့နံနက် (၁၁ နာရီ ၄၀ မိနစ်)က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိသည်။
ဝေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဗုဒ္ဓဘာသာအခြေခံယဥ်ကျေးလိမ္မာ သင်တန်း ဖွင့်လှစ်
May 27,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကြီးမှူးကျင်းပသော ဗုဒ္ဓဘာသာ အခြေခံယဥ်ကျေးလိမ္မာသင်တန်း ဖွင့်ပွဲကို ယမန် နေ့ နံနက် (၉) နာရီက ဝေါမြို့ အခြေခံပညာအထက်တန်းကျောင်းသဇင်ဆောင်၌ ကျင်းပခဲ့သည်။
ဘူးသီးတောင်မြို့နယ်၌ မိုခါမုန်တိုင်းတိုက်ခတ်ပြီးနောက် မြို့သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
May 27,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့တွင် မိုခါမုန်တိုင်းတိုက်ခတ်ပြီးနောက် မြို့သန့်ရှင်းသာယာလှပရေးတို့ကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၈ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များရှိ လမ်းမကြီးများပေါ်၌ စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြသည်။
ရွှေကျင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနား ကျင်းပ
May 27,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည်။