မုံရွာ ဒီဇင်ဘာ ၂၉
ဒေသအလိုက် တောင်သူလိုအပ်ချက်များ သိရှိနိုင်ရန်နှင့် စံပြကွက်၊ စမ်းသပ်ကွက်များ၊ လက်တွေ့ အသုံးချသုတေသန လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်၊ လူငယ်/လူလတ်ပိုင်း မျိုးဆက်သစ်ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ပေးရန်၊ ဌာန၏အကျိုးအတွက် ပူးပေါင်း ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်စသော ရည်ရွယ်ချက်များဖြင့် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် လူငယ်စွန့်ဦးပညာရှင်းများအဖွဲ့ (YSI) မှ ဦးဆောင်၍ တောင်သူနည်းပညာပေး စွမ်းဆောင်ရည် မြှင့်တင်ရေး ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီး မြေ၊မျိုး၊ ပိုး ဓါတ်ခွဲခန်းရုံး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ဖွင့်ပွဲအခမ်းအနားတွင် ဒု-တိုင်းဒေသကြီးဦးစီးမှူး ဦးထွန်းရှိန်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ဒု-တိုင်းဒေသကြီး ဦးစီးမှူး ဦးအောင်ကြည်ဝင်းမှ ဆွေးနွေးပွဲ ဆောင်ရွက်ရသည့် အကြောင်းအား ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး သက်ဆိုင်ရာ ဌာန/ဌာနခွဲအသီးသီးမှ တာဝန်ရှိသူများက YSI ဖွဲ့စည်းရခြင်း ရည်ရွယ်ချက်များ၊ YSI ၏ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုများ၊ YSI အဖွဲ့၏ ဆောင်ရွက်သင့်သည့် လုပ်ငန်းများ၊ ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းခြင်း လက်တွေ့အသုံးချ သုတေသနများအကြောင်းနှင့် မြေဆီလွှာသုတေသနများ အကြောင်းတို့ကို ရှင်းလင်းဆွေးနွေး ခဲ့ကြပြီးနောက် တတ်ရောက်လာသည့် YSI များမှ အပြန်အလှန် နည်းပညာဖလှယ် ဆွေးနွေးခြင်းတို့ ဆောင်ရွက်လျက်ရှိပြီး ဆွေးနွေးပွဲကို (၂၉.၁၂.၂၀၂၃)နေ့မှ (၃၀.၁၂.၂၀၂၃) နေ့ထိ (၂)ရက် ကျင်းပ ပြုလုပ်ဆောင်ရွက်သွားမည် ဖြစ်သည်။
ဆွေးနွေးပွဲသို့ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းငယ်များ၊ မုံရွာခရိုင်နှင့် မုံရွာမြို့နယ်မှ ဝန်ထမ်းငယ်များ စုစုပေါင်း ဝန်ထမ်း (၃၇)ဦးနှင့် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ် ဦးစီးမှူးရုံးများမှ ဝန်ထမ်းများမှ Virtual စနစ်ဖြင့် တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)