သတင်းများ

ဝေါလေမြိုင်မြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အသိပညာပေး Talk Show ဆောင်ရွက်
Jun 24,2023
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အသိပညာပေး Talk Show ကို ယမန်နေ့ မွန်းလွဲ၁နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခိုလမ်မြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Booster) ထပ်ဆောင်းထိုးနှံပေး
Jun 24,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Booster)ထပ်ဆောင်းထိုးနှံပေးခြင်းအား ယနေ့နံနက် ၈ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ငဖဲမြို့နယ်တွင် တိရစ္ဆာန်အစာပင် နေဗီယာမြက် သရုပ်ပြ စိုက်ပျိုးခြင်းဆောင်ရွက်
Jun 24,2023
စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်မွေးမြူ ရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၂၃ ခုနှစ် မိုးရာသီတိရစ္ဆာန်အစာပင် နေဗီယာမြက်စိုက်ပျိုးခြင်း ရက်သတ္တပတ်အဖြစ် တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်းကို ယမန်နေ့ ညနေ ၄ နာရီက ပေါင်းကလေးကျေးရွာအုပ်စု ပေါင်းကလေးကျေးရွာ တောင်သူ ဦးမြင့်ဇော်ထွန်း၏ ယာမြေ၌ စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
ပြည်သူများ စိတ်အေးချမ်းစွာအပန်းဖြေနိုင်ရန် ပွင့်ဖြူမြို့ ပွင့်မာလာပန်းခြံ၌ မီးမလင်းသည့် လျှပ်စစ်မီးသီးများအား ဖြုတ်သိမ်း၍ LED မီးသီးများဖြင့် အစားထိုးလဲလှယ်တပ်ဆင်ခြင်းများ ဆောင်ရွက်
Jun 24,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ပြည်သူများစိတ်အပန်းဖြေနိုင်ရန် ဆောင်ရွက်ထားရှိသည့် ပွင့်ဖြူမြို့ပွင့်မာလာပန်းဥယျာဉ်အား သန့်ရှင်းရေးနှင့် သာယာလှပစိမ်းလန်းစိုပြည်ရေးလုပ်ငန်းများကို နေ့စဉ်လုပ်ဆောင်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများအဖွဲ့က မြို့နယ်လျှပ်စစ်ဝန်ထမ်းများနှင့်ပူးပေါင်းပြီး ပွင့်မာလာပန်းခြံအတွင်း လုံခြုံရေးအတွက် တပ်ဆင်ထားရှိသော လျှပ်စစ်မီးသီးများအား ဖြုတ်သိမ်း၍ LED 50W မီးသီးများဖြင့် အစားထိုးလဲလှယ်တပ်ဆင်ခြင်း၊ လျှပ်စစ်မီးလိုင်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်တွင် မိုင်းအသိ၊ မိုင်းသတိ အသိပညာပေး ဆွေးနွေးပွဲကျင်းပ
Jun 24,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၀)ရပ်ကွက် ဟေမဝန်ဓမ္မာရုံတွင် မိုင်းအသိ၊ မိုင်းသတိ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲပြုလုပ်
Jun 24,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြို့နယ်ပညာရေးဌာနနှင့်ပူးပေါင်းပြီး အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် စာအုပ်ပြပွဲ၊ ဓာတ်ပုံပြပွဲပြသဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
မောက်မယ်မြို့နယ်၌ယာဉ်စည်းကမ်းလမ်းစည်းကမ်းအသိပညာပေးဟောပြောပွဲကျင်းပ
Jun 24,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ကျောင်းသား/ ကျောင်းသူများအား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေး ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို သိရှိနိုင်စေရန်ရည်ရွယ်၍ စျေးတန်းရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)၌ ယမန်နေ့နေ့လယ်၂ နာရီက ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲကို ကျင်းပခဲ့သည်။
လားရှိုးမြို့တွင် ရွှေအိမ်မင်းစစ်တုရင်ဖလား စစ်တုရင်ပြိုင်ပွဲကျင်းပ
Jun 24,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ရွှေအိမ်မင်းဖလား စစ်တုရင်ပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က လားရှိုးမြို့၊ ရပ်ကွက်(၆)ရှိ ရှမ်းပြည်နယ်(မြောက်ပိုင်း) စစ်တုရင်ကလပ်တွင် ကျင်းပသည်။