သတင်းများ

ဒေးဒရဲမြို့၌ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းသို့ (Grade-9) အောင် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်နိုင်မည့် အခွင့်အလမ်းများ အသိပညာပေး ဟောပြော
Dec 29,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းဝန်းရှိ စက်မှု၊ စိုက်ပျိုးမွေးမြူရေး ပညာရပ်များ တွဲဖက်သင်ကြားသည့်ကျောင်းသို့ (Grade-9) အောင် ကျောင်းသား/သူများ တက်ရောက်နိုင်မည့် အခွင့်အလမ်းကောင်းများ အကြောင်း အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၁)နာရီအချိန်က အမှတ်(၂) အခြေခံ ပညာအထက်တန်းကျောင်းရှိ ညီမူရာ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဒေးဒရဲမြို့နယ်မှ မြိတ်မြို့သို့ ဧည့်မထဆန်တင်ပို့မှုအား ကွင်းဆင်းစစ်ဆေး
Dec 29,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်သည် ဆန်စပါးအား အဓိကစိုက်ပျိုး ထုတ်လုပ်ပြီး အခြားတိုင်းဒေသကြီးသို့ ဆန်စပါးတင်ပို့ရောင်းချခြင်း လုပ်ငန်းများဆောင်ရွက် လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြိတ်မြို့သို့ဆန်စပါးသယ်ယူပို့ဆောင်မည့် လုပ်ငန်းများ ဆောင်ရွက်မည့်  ဘုရားလေးကွင်းကျေးရွာ အောင်ချမ်းသာဆန်စက်နှင့်လမုဝကျေးရွာ အောင်နန်း တော်ဆန်စက်များက ဧည့်မထဆန်များတင်ပို့ရန် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား ယနေ့နံနက် (၁၀) နာရီခွဲက မြို့နယ်သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
အင်္ဂပူမြို့တွင် (၇၆)နှစ်မြောက် လွတ်‌လပ်ရေးနေ့ အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲပြုလုပ်
Dec 29,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ မြို့နယ်ပညာရေးမှူးရုံး အစည်းဝေး ခန်းမ၌ ယနေ့နံနက်ပိုင်းက (၇၆)နှစ်မြောက် လွတ်‌လပ်ရေးနေ့အထိမ်းအမှတ် ကျပန်းစကား ပြောပြိုင်ပွဲပြုလုပ်ခဲ့သည်။
မချမ်းဘောမြို့ ကျောက်နဂါးအောင်တော်မူအေးစေတီတော်မြတ်ကြီးတွင် ဒုတိယအကြိမ်မြောက် အသံမစဲမဟာပဌာန်းကျမ်းမြတ် ရွတ်ဖတ် ပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် လှူပွဲ အောင်ပွဲစည်ကားသိုက်မြိုက်စွာကျင်းပ
Dec 29,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့ ကျောက်နဂါးကုတ်းတော်ပေါ်ရှိ အောင်တော်မူအေး စေတီတော်မြတ်ကြီး၌ ဒုတိယအကြိမ်မြောက် အသံမစဲမဟာပဌာန်း ကျမ်းသိမ်းအောင်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့သည်။
အိမ်မဲမြို့နယ်တွင် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ
Dec 29,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထက - ၂ ကျောင်း ပညာ့ဗိမာန် ခန်းမတွင် ၂၀၂၄ ခု ဇန်နဝါရီလ (၄) ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျောင်းပေါင်းစုံ (အထက် တန်း)ကျပန်း စကားပြောပြိုင်ပွဲကို ယနေ့နံနက် ၉နာရီ ၃၀ မိနစ်အချိန် တွင်ကျင်းပသည်။
သာပေါင်းမြို့နယ်တွင် စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဂုံညှင်းတန်း ကျေးရွာအုပ်စုသို့ သွားရောက ဖြည့်ဆည်းဆောင်ရွက်ပေး
Dec 29,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဂုံညှင်းတန်း ကျေးရွာအုပ်စုတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုး တိုးတတ်ရေးလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေး လျက်ရှိကြသည်။
မိုးညှင်းတက္ကသိုလ်၌ အာဆီယံစေတနာ့ဝန်ထမ်းအစီအစဉ်တွင် ပါဝင်ခဲ့သည့် ကျောင်းသူတစ်ဦး၏ အတွေ့အကြုံရှင်းလင်းပွဲ ကျင်းပ
Dec 29,2023
အာဆီယံ စေတနာ့ဝန်ထမ်းအစီအစဉ်တွင် ပါဝင်ဆောင်ရွက်ခဲ့သည့် ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ်မှ ကျောင်းသူတစ်ဦး၏ အတွေ့အကြုံရှင်းလင်းပွဲကို ယနေ့ မွန်းလွဲ(၃)နာရီတွင် တက္ကသိုလ်ရတနာခန်းမ၌ ကျင်းပသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၃-ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထု လှုပ်ရှားမှုအထိမ်းအမှတ် ဌာနပေါင်းစုံ အမျိုးသား/အမျိုးသမီး စားပွဲတင်တင်းနစ်ပြိုင်ပွဲနှင့် အမျိုး သားပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်
Dec 29,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ၂၀၂၃-ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှု အထိမ်း အမှတ် ဌာနပေါင်းစုံ အမျိုးသား/အမျိုးသမီး စားပွဲတင်တင်းနစ်ပြိုင်ပွဲနှင့် အမျိုးသား ပိုက်ကျော် ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၈ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့ အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး