အရာတော်မြို့နယ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ဆန်၊ ဆီများ ထောက်ပံ့

အရာတော် ဒီဇင်ဘာ ၂၉

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် အရာတော်မြို့နယ်၌ မြန်မာ့စီပွားရေးဘဏ်တွင် ပင်စင်လာရောက် ထုတ်ယူကြသည့် နိုင်ငံ့ ဝန်ထမ်း အငြိမ်းစားများကို ဒီဇင်ဘာလ ၂၇ ရက် နံနက် ၁၀ နာရီကစ၍ ဆန်၊ ဆီများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

နိုင်ငံဝန်ထမ်း အငြိမ်းစားများကို ထောက်ပံ့ပေးအပ်ရာတွင် ယနေ့ထိ ပင်စင်စားတစ်ဦးလျှင် ဆန် (၂) ပြည်၊ ဆီ (၂၅) ကျပ်သားနှုန်းဖြင့် တန်ဖိုးသင့် ငွေကျပ် (၉၄၀၀) ဖိုးထောက်ပံ့ ပေးအပ်ခဲ့သည်။ ထိုသို့ ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွဋ်နိုင်၊ အဖွဲ့ဝင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ပြည့်ဖြိုးအောင်၊ ဒေသကိုယ်စားလှယ် ဦးတင်ဝင်းနှင့် မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာတို့က မြို့ပြ ပင်စင်စား (၄၉) ဦး၊ ကာကွယ်ရေး ပင်စင်စား(၂၄ ) ဦးနှင့် နိုင်ငံရေးပင်စင်စား (၁) ဦး စုစုပေါင်း (၇၄) ဦး တို့အတွက် စုစုပေါင်း တန်ဖိုးငွေကျပ်(၆၉၅၆၀၀) ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။  

မြို့နယ်ပြန်/ဆက်