သံတောင်ကြီးဒေသထွက် မျှစ်ချဉ်များဝယ်လိုအားကောင်း
Dec 29,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့သည် တော်ပေါ်မြို့ဖြစ်သည့် အားလျော်စွာသစ်၊ ဝါးများသဘာဝအတိုင်း ပေါက်ရောက်ကြသည်။ မိုးတွင်းအချိန်တွင် သဘာဝအတိုင်းအလေ့အထ ပေါက်သည့်မျှစ်များကို တစ်နှစ်တာပတ်လုံးအတွက် စားသုံးနိုင်ရန် မျှစ်ချဉ်များပြုလုပ်ကြသည်။ ယခုအချိန်တွင် မျှစ်စိုများရှားပါးလာပြီဖြစ်သည့်အတွက် မျှစ်ချဉ်များဝယ်လိုအားကောင်းကြောင်း သိရသည်။