လပွတ္တာ ဒီဇင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၌ ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးရန်ပုံငွေ(ငွေလုံးငွေရင်း) ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနရန်ပုံငွေဖြင့် ကျော်ထွန်းအောင်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့်ပျဥ်ထောင်တွင်း၊ ဥက္ကံ၊ ကပြိုကွန်ကရစ်လမ်းခြင်း လုပ်ငန်းအား ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ အင်ဂျင်နီယာဒေါ်သန်းသန်းဝင်းအဖွဲ့တို့က ဒီဇင်ဘာ ၂၇ ရက်နေ့တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများ အားကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ပြီး လိုအပ်သည်များအားလမ်းညွှန်မှာကြားခဲ့ပါသည်။
အဆိုပါ ကျေးရွာချင်းဆက်ကွ န်ကရစ်လမ်း ဆောင်ရွက်ပြီးစီးပါက ကျေးရွာ(၃)ရွာအိမ်ခြေ (၆၈၅)စုနှင့်လူဦးရေ(၃၇၄၆)ဦးတို့အားအကျိုးပြုမည်ဖြစ်ပါသည်။
ခရိုင်(ပြန်/ဆက်)