ဘိုကလေးမြို့နယ်တွင် (၇၄)ကြိမ်မြောက် (၃၈)ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲကျင်းပ

ဘိုကလေး ဒီဇင်ဘာ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မြို့လယ်ကျက်သရေဆောင် ဆွမ်းလောင်းအသင်းဓမ္မာရုံကြီးတွင် ဒီဇင်ဘာ (၂၇) ရက် နေ့လယ် (၁)နာရီအချိန်၌ (၇၄)ကြိမ် မြောက် (၃၈)ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲ ကျင်းပဆောင်ရွက်ခဲ့သည်။

အဆိုပါ စာမေးပွဲအား ရန်ကုန်မြို့ ဝိုင်အမ်ဘီအေ- ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဗဟို) အဖွဲ့မှ ကျင်းပခြင်းဖြစ်ပြီး စာမေးပွဲအဆင်ပြေ ချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ဘိုကလေးမြို့နယ် ဝိုင်အမ်ဘီအေ အသင်းနှင့် သာသနာရေးဦးစီးဌာနတို့ ပူးပေါင်းကြီးကြပ်ဆောင်ရွက် ပေးခဲ့ပြီး စာမေးပွဲသို့ အခြေခံပညာကျောင်းသား/သူ ပထမအဆင့် စာဖြေသူ (၃၉)ဦး၊ ဒုတိယအဆင့် စာဖြေသူ(၂၄)ဦး၊ စုစုပေါင်း (၆၃)ဦး ဝင်ရောက် ဖြေဆိုကြကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)