လပွတ္တာမြို့နယ်အတွင်းရှိ ကျွဲ၊ နွားများ ဇီဝလုံခြုံမှုသင်တန်းဖွင့်လှစ်

လပွတ္တာ ဒီဇင်ဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ ကညှင်ကုန်းကျေးရွာအုပ်စု၊ မလေးကြီးကုန်းကျေးရွာတွင် ကျွဲ၊ နွားများအား ဇီဝလုံခြုံမှု သင်တန်းဖွင့်လှစ်ခြင်းကို ယ​မန်နေ့ နံနက်ပိုင်းက ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းဖွင့်ပွဲတွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါက်တာ အောင်နိုင်သိန်းက သင်တန်းဖွင့်အမှာစကားပြော​ကြားရာတွင် ခြံလှောင်စနစ်ဖြင့် မွေးမြူနိုင်ရန်၊ ကူးစက်ရောဂါမဖြစ်ပွားစေရန်၊ ကာကွယ်ဆေးထိုးနှံရန် မွေးမြူရေးခြံများတွင် ပိုးသတ်ဆေးများ အပတ်စဥ် ဖျန်းရန်နှင့် မွေးမြူပုံနည်းစနစ်များအကြောင်း သင်ကြားခဲ့သည်။

အဆိုပါသင်တန်းသို့ မလေးကြီးကုန်းကျေးရွာအတွင်းမှ စိတ်ပါဝင်စားသူ(၃၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်