ရွှေဘိုမြို့တွင် အငြိမ်းစားဝန်ထမ်းများအား ဆန်နှင့် ဆီများ ထောက်ပံ့ပေးအပ်

​ရွှေဘို ဒီဇင်ဘာ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုခရိုင်၊​ ရွှေဘိုမြို့တွင် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများ နေ့စဥ် စားသောက်​နေထိုင်​ရေး အ​ထောက်အကူပြု​စေရန် ရည်ရွယ်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဆန်နှင့်ဆီများကို ယနေ့နံနက်ပိုင်းက မြန်မာ့စီးပွားရေးဘဏ်အရှေ့တွင် ထောက်ပံ့ပေးအပ်ခဲ့သည်။

ထိုသို့ ထောက်ပံပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​ဇော်မျိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ဘဏ်မန်​နေဂျာနှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ပင်စင်လာရောက် ထုတ်ယူသူ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား တစ်ဦးလျှင် ဆန် ၂ ပြည်၊ ဆီ ၂၅ ကျပ်သားတို့ကို လက်ဝယ်အ​ရောက် ထောက်ပံ့ပေးအပ်ခဲ့ရာ ယ​နေ့ လာရောက် ထုတ်ယူသူ စုစုပေါင်း၁၅၇ ဦးရှိကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်